💮 EP -2 💮

304 40 3
                                    

၃ ခါတွေ့ရင် ရေစက်တဲ့ ဘယ်သူပြောလဲမသိပေမဲ့ ကျွန်တော်တော့ ယုံတယ် ။ အခု မျက်စိရှေ့မှာ မြင်နေရတဲ့ မြင်ကွင်းက မယုံနိုင်စရာပဲ ။ တကူးတက လိုက်ရှာစရာမလိုပဲ တစ်ယောက်ယောက်က ဖန်တီးပေးထားသလိုမျိုး ကျွန်တော့်ရဲ့ ကလေးပေါက်က ရှေ့တည့်တည့်မှာ ။ ဒီနေ့ အရင်အပတ်က အသစ်ရောက်လာတဲ့ ဝန်ထမ်းတွေရဲ့ ကိုယ်ရေးအကျဉ်းကို ကြည့်နေရင်း မှတ်မိနေတဲ့ မျက်နှာလေးနဲ့ ဒီလို အနောက်တိုင်းဒေသမှာ မှားစရာမရှိတဲ့ နာမည်ကြောင့် ထိုကောင်လေးဆိုတာ သေချာပေါက်ပင်။ ကိုရီးယားနဲ့ ကနေဒါက လူသစ်တွေရောက်မှာ သိပေမဲ့ အရေးကြီး project အတွက် ပြင်ဆင်နေရလို့ ဒီကိစ္စကို ဒုမန်နေဂျင်းနဲ့ လွဲထားခဲ့တာ။ ဒါကြောင့် ဒီတစ်ခါ လူသစ်တွေထဲ ဆောနူပါနေတာ မသိလိုက်ခြင်း ဖြစ်သည်။

ပြန်တွေ့မယ်လို့ ယုံကြည်နေပေမဲ့ ဒီလောက်ထိ နီးနီးကပ်ကပ်လို့တော့ ထင်မထားဘူး ။ ချာတိတ်လည်း ကိုယ့်ကိုမြင်ရင် အံ့ဩသွားလောက်မယ်ထင်တယ်

"ဟဲ့ အခု မန်နေဂျင်းက အားရပါးရပြုံး‌လိုက်တာလား "

" ‌ဟယ် ဟုတ်သားပဲ ရုံးမှာဆို အလုပ်ကိစ္စလာဆွေးနွေးတဲ့သူ‌‌တွေလောက်ပဲ ပြုံးပြပေမဲ့ အခုလို စိတ်လိုလက်ရ ပြုံးတာ ငါတော့ ခုမှမြင်ဖူးတယ် "

" ဟုတ်တယ် ဟုတ်တယ် မန်နေဂျင်း အခုလိုပြုံးနေတော့ လွန်ခဲ့တဲ့ 2 နှစ်က မန်နေဂျင်းကို ပြန်မြင်လိုက်ရသလိုပဲ "

" ဟင် မန်နေဂျင်းက အရင်တည်းက ဒီလိုမဟုတ်ဘူးလား "

" ‌‌နင်က နောက်မှရောက်တာဆိုတော့ မသိတာ ။ အရင်က မန်နေဂျင်းက ဖော်ဖော်ရွေရွေနဲ့ အမြဲပြုံးနေတာ အခုလိုမဟုတ်ဘူး ။ တစ်ရက်ကျ ရုတ်တရက်ကြီး တစ်လလောက် ပျောက်သွားပြီး ပြန်ပေါ်လာတော့ အရယ်အပြုံးမရှိတော့တာပဲ "

" ဟုတ်လား တစ်လအတွင်း ဘာတွေဖြစ်သွားလို့လဲ "

 💮 Pusteblume 💮 (✅✅✅)Onde histórias criam vida. Descubra agora