💮 Ep-3 💮

259 40 1
                                    

(sᴏᴍᴇᴛɪᴍᴇs ʟᴏᴠᴇ ᴊᴜsᴛ ᴀɪɴ'ᴛ ᴇɴᴏᴜɢʜ
ဖတ်ပြီးရင် ဒီသီချင်းလေး နားထောင်ကြည့်နော် ☝️☝️☝️ )

ကလေးအပေါ် တမင်တကာ လိမ်ညာထားတာ မဟုတ်ပေမဲ့ အမှန်အတိုင်း ပြောမထားဖြစ်သည့် ကိစ္စတစ်ခုကြောင့် အီသန် အခုတလော စိတ်ကျဉ်းကျပ်မိသည်။ ကလေးအပေါ် ချစ်မြတ်နိုးစိတ်တွေ များလာလေ ဆုံးရှုံးရမှာ ကြောက်လာလေ ဖြစ်မိသလို ကလေးက သူ့ကိုတကယ်ချစ်တာ ခံစားမိတိုင်းလည်း အားနာစိတ်တို့က တိုးလာလေ ဖြစ်သည်။ သို့ပေမဲ့ ထိုကလေးရဲ့ မျက်နှာကို မြင်တိုင်းလည်း အီသန့်မှာ ဘယ်ကနေ ဘယ်လိုစပြောရမယ် မသိ။ 

"အစ်ကို ကျွန်တော်နဲ့ ရှိနေပြီး စိတ်က ဘယ်ရောက်နေတာလဲ ။ အခုလည်း ကျွန်တော်ပြောတာ မကြားလိုက်ဘူးမလား"

"အာဆောရီး ကိုယ်အလုပ်ကိစ္စအကြောင်း တွေးမိသွားလို့ ဟီး… ကလေး ဘာပြောလိုက်တာလဲ"

"ဘာမှမဟုတ်ပါဘူး ပြန်ကြမယ်လို့ ပြောလိုက်တာ"

ရုတ်တရက် ထထွက်သွားတဲ့ ကလေးပေါက်ကြောင့် စိတ်ကောက်သွားပြီဖြစ်ကြောင်း အီသန် သိလိုက်သည်။

"အစ်ကို ဘာလုပ်တာလဲ အောက်ပြန်ချပေး ။ လူတွေ ကြည့်နေတယ်လေ မရှက်ဘူးလား"

အစ်ကိုနဲ့ တွဲပြီး ၇ လ တရားဝင်ချစ်သူဖြစ်တာ ၂ လ အကြာမှာ အစ်ကိုက သူ့အနားရှိနေရင်း ငေးငေးငိုင်ငိုင် ဖြစ်တတ်တာ ဆောနူ သတိထားမိသည် ။ မေးလိုက်တိုင်းလည်း အလုပ်ကိစ္စပဲ ဖြေနေ၍ ဒီတစ်ခါတော့ တကယ်စိတ်တိုမိခြင်းဖြစ်သည်။ အစ်ကို့မှာ ပြသာနာတစ်ခုခု ရှိနေတာ ရိပ်မိပေမဲ့ အစ်ကိုက ဖုံးကွယ်ထားသည်။ ထိုအချက်ကို ဆောနူ တကယ်ပင် သဘောမကျပါ။ တစ်ယောက်နဲ့ တစ်ယောက် privacy ရှိတယ်ဆိုပေမဲ့ အခုပြသာနာက သူနဲ့ ပတ်သက်နေတယ်လို့ ခံစားမိနေသည်။ ထို့ကြောင့် ဖွင့်ပြောစေချင်သည်။ တိုင်ပင်စေချင်သည်။ အတူတူဖြေရှင်းစေချင်သည်။

"မချပေးပါဘူး ကလေးက ကိုယ့်ကို ထားခဲ့ပြီး အိမ်ပြန်တော့မှာ။ ကိုယ်က ကလေးနဲ့တွေ့ဖို့ အလုပ်တွေတောင် အမြန်လုပ်ခဲ့ရတာကို ကလေးက ပစ်သွားတော့မှာလေ"

 💮 Pusteblume 💮 (✅✅✅)Where stories live. Discover now