Part 1

9.4K 86 1
                                    

အချစ်ကကြမ်းတယ်

အပိုင်း၁

အိမ်သုံးပရိဘောဂ ပစ္စည်းတွေကို အပြည့်တင်ကာ တောင်တွေကို ကွေ့ဝိုက်ပြီး မြွေလိမ်မြွေကောက် သွားနေတဲ့ 
ကားပေါ်က သူမ ၊ ကားမှန်ခလုတ်ကို နှိပ်ကာ ကားမှန်ချလိုက်ပြီး သူမရဲ့လက်ကို အပြင်ကိုဆန့်ထုတ်လိုက်လေတော့။

အေးမြလတ်ဆတ်တဲ့ လေထုက ကားတံခါးအပေါ်မေးတင်ကာ အတိတ်ကို သတိရနေတဲ့ သူမမျက်နှာပြင်ကို ပွတ်ကာသီးကာနဲ့ တိုက်ခတ်လို့နေလေသည်။

"""သမီး ရမ္မက်
ဘာတွေစဥ်းစားနေပြန်ပြီလဲ။
ဖြစ်ခဲ့ပြီးသား အတိတ်တွေကို မေ့လိုက်ပါတော့
ရှေ့လျှောက် မေမေနဲ့ သမီးတို့ဘဝအေးချမ်းပြီးပဲ
ကျန်တာတွေ လျှောက်တွေးမနေနဲ့တော့နော်။  """

မိခင်ဖြစ်သူက သမီးဖြစ်သူကို သူမရင်ခွင်ထဲ ဆွဲသွင်းလိုက်လေကာ သူမခေါင်းလေးကို ပွတ်သပ်ပြီး ပြောလိုက်လေသည်။

"""ရမ္မက် ဘာမှမဖြစ်ပါဘူး အမေ
ရမ္မက်ပျော်နေတာပါ ၊မကြာခင် မေမေနဲ့အတူ
ပျော်ရွှင်စရာ အိမ်လေးမှာနေရတော့မှာမို့
ရမ္မက်ပျော်နေတာပါ ••• """

ရမ္မက်တကယ်ပျော်နေတာပါ ။
အပူတွေနဲ့လောင်မြိုက်နေတဲ့ အိမ်တော်ကြီးက ထွက်လာရလို့ ရမ္မက်ပျော်နေတာပါ ။
မေမေကို ကျွန်တစ်ယောက်လို ဆက်ဆံနေတဲ့ လူတွေကြားက ထွက်လာရလို့ ရမ္မက်ပျော်နေတာပါ။
သမီးတစ်ယောက်ကို အသိအမှတ်မပြုနိုင်တဲ့ ဖေဖေနဲ့အဖွားတို့ဆီက ထွက်လာရလို့ရမ္မက်ပျော်နေတာပါ။

"""သမီးလေး ရမ္မက်ရယ်
မေမေတောင်းပန်ပါတယ်နော်
မေမေကြောင့် သမီးလေးဘဝတစ်လျှောက်လုံး
ပင်းပန်းဆင်းရဲခဲ့ရတာ ၊ စိတ်ချလက်ချနေတော့နော်
ရှေ့လျှောက် မေမေက သမီးလေးကိုပျော်အောင်
ထားတော့မှာမို့ ။ သမီးလေးဘဝအေးချမ်းပါပြီ """

ပေါင်ပေါ်မှာ ခေါင်လေးထိုးကာ အိပ်ပျော်နေတဲ့ သမီးဖြစ်သူမျက်နှာကို ကြည့်ရင်းဖြင့်။

                 ×××××××××××××××××××

ကားလေးက လိုရာခရီးကို ဆိုက်ရောက်လာပြီးမို့ ရမ္မက်နဲ့မေမေကားပေါ်ကဆင်းကာ ခြံထဲသို့ဝင်လာလိုက်လေသည်။
မေမြို့ ဆိုတဲ့ မြို့လေးမှာ ရမ္မက်တို့သားအမိ ဘဝ တစ်ကနေပြန်စဖို့ ရောက်လာခဲ့ချင်းဖြစ်သည်။

အချစ်က ကြမ်းတယ်Where stories live. Discover now