Patr 2

3.1K 57 1
                                    

အချစ်ကကြမ်းတယ်

အပိုင်း၂

"""ရမ္မက်မေ တဲ့လား """
သူမ နမည်လေးကို တိုးတိုးလေးရွတ်ဆိုလိုက်ရင် ကျနော်တို့အိမ်အပေါ်ထပ်ကနေလှမ်းကြည့်လိုက်ရင် မြင်နေရတဲ့ သူမအခန်းကိုကြည့်ရင်းဖြင့်••••။

"""ရမ္မက်မေ """
ဘယ်လိုသဘောမျိုးနဲ့ သူမမိဘတွေ ဒီနာမည်ကိုပေးခဲ့
လည်း မသိဘူး ၊ သူမလိုနာမည်မျိုးကတော့ ထူးခြားသည် ၊ တစ်ရာမှာ တစ်ယောက်မရှိတဲ့ နာမည်မျိုး ။  နာမည်တင်ထူးခြားတာမျိုး မဟုတ်ပဲ သူမရဲ့ မိန်းမ မဆန်လှတဲ့ ပြုမှုပုံလေးတွေကပါ စိတ်ဝင်စားစရာ ။

သူမအခန်းက နေ့ခင်းဘက်မို့ပြတင်းပေါက် ဖွင့်ထားသဖြင့် ကျွန်တော် အိမ်အပေါ်ထပ်ကနေ လှမ်းကြည့်ရင် အတိုင်းသားမြင်ရသည် ။ သူမခြံနဲ့ ကျွန်တော် ခြံအကြား အကိုင်းအခက်တွေနဲ့ ဝေဆာနေတဲ့ သရက်ပင်ကြီးက သူမအခန်းအပေါ်ထပ်ကို တတ်ဖို့ လှေခါးတစ်ခု ဖြစ်နေသည်။

"""ဟျောင့် •••ပုဏ္ဏဂ 
မင်းဘာတွေ အဲ့လောက်ကြည့်နေတာလဲကွ ။
မင်း တခြားမိန်းမတွေအပေါ် ရိုင်းတာ အကြောင်းတော့
မဟုတ်ပေမဲ့ ၊ ဟိုဘက်အိမ်ကလူတွေအပေါ်တော့
​ကောင်းကောင်းမွန်မွန်ဆက်ဆံပါကွာ ။
သူတို့က အခုမှပြောင်းလာတဲ့ လူတွေဆိုတော့
အားကိုးစရာ ယောင်္ကျားသားဆိုလို့ မင်းတို့ငါ့တို့ပဲ ရှိတာ """

"""နားညည်းလိုက်တာ ရာဇာရာ
မင်းကလည်း ငါ့အဖေရဲ့ လူယုံလို့မပြောရဘူး
ငါ့အဖေ လေသံအတိုင်း လိုက်ပြောမနေနဲ့ ။
ကြာရင် မင်းမျက်ခွက်ကို ဆွဲထိုးမိလိမ့်မယ် """

ပုဏ္ဏဂ စကားကြောင့် ရာဇ သက်ပြင်း ချမိတော့သည်။
အဖေက စော်ဘွားမျိုး ကြီးကြီးတတ် ချမ်းသာပါလျှက်နဲ့ အဖေအိမ်ပေါ်ကဆင်းပြီး အဖေကို အရွဲ့တိုက် သိက္ခာချချင်တဲ့စိတ်နဲ့  ကြေးစားလူမိုက်လူရမ်းကားတစ်ယောက်ဖြစ်အောင် ကိုယ့်ဘဝကို ဖျက်ဆီးနေတဲ့ ပုဏ္ဏဂ ။

"""ဒါနဲ့ •••ဟိုလေ """
အတွေးတွေ ရပ်ပြီး သူအမေ အမှာစကားပါးလိုက်တာကို
ပုဏ္ဏဂအား ပြောဖို့ ကျွန်တော်တွန့်ဆုတ်နေမိသည်။
ထိုစကားကိုပြောလျှင် ပုဏ္ဏဂ
ကျွန်တော်အားသေချာပေါက် အထိုးခံ
အကန်ခံရမှာကို သိနေလို့လဲ ဖြစ်သည်။

အချစ်က ကြမ်းတယ်Where stories live. Discover now