Part 14

2.1K 36 0
                                    

အချစ်ကကြမ်းတယ်

အပိုင်း ၁၄

လက်ရှိ ကာလ မြိတ်ကျွန်းစုက ဟိုတယ် အခန်းထဲတွင်ဖြစ်သည်။

ဘာရယ် မဟုတ်ဖူး လျှောက်တွေးလိုက်တဲ့ အတွေးတွေက တစ်ညလုံး အိပ်မပျော်အောင် ခြောက်လန့်နေသည်။ ကလေးနှစ်ယောက်အား စောင်သေချာ ဆွဲခြုံပေးလိုက်ပြီး ရမ္မက်
ကုတင်ပေါ်မှာ ဟိုဘက်လိမ့်လိုက် ဒီဘက်လိမ့်လိုက်
လုပ်နေတုန်း ••••။

"""ဟင်"""

ဟိုတယ်က အခန်းတံခါးအား အပြင်က တစ်စုံတစ်ယောက်က သော့ဖြင့် ဖွင့်နေသံကြားရလို့ ရမ္မက် ကုတင်ပေါ်က ထကာ အခန်းတံခါးဆီသို့ အသာအယာသွားကြည့်လိုက်တော့•••။

"""ဟင် •••ရှင်•••ရှင် """

အခန်းတံခါးကို အပြင်ကနေ ဖွင့်နေတဲ့ ပုဏ္ဏဂအားမြင်လိုကါသည် နှင့် ရမ္မက် အခန်းထဲကနေ တံခါးကို အလျှင်အမြန်ပဲ ဆွဲပိတ်လိုက်တော့ သူကအပြင်ကနေအတင်းဆွဲဖွင့်ကာ ဝင်လာလေသည်။

"""ပုဏ္ဏဂ•••ရှင်•••ရှင် ဘာလုပ် """

"""အွန့် """

""လွှတ် """

ကျွန်တော် သူမပါးစပ်အား လက်ဖြင့်ပိတ်ပြီး သူမကိုယ်လုံးလေးအား နောက်ကနေ သိုင်းဖက်ထားလိုက်ပြီး။

"""ရှူး•••တိုးတိုး ကလေးတွေ နိူးကုန်မယ် """

ပုဏ္ဏဂ စကားသံကြောင့် ရမ္မက် အိပ်နေတဲ့ကလေးတွေဆီ တစ်ချက် လှည့်ကြည့်လိုက်ရင်း ပါးစပ်ကို ပိတ်ထားတဲ့ သူလက်တွေအား ရမ္မက် ကုန်းကိုက်ပစ်လိုက်တော့ •••။

"""အ့ •••ရမ္မက် """

"""ရှင်ဘာလို့ အခန်းထဲဝင်လာတာလဲ
အခုထွက်သွားနော် ၊ မဟုတ်ရင် အော်လိုက်မှာ """

"""ကိုယ့်သိချင်တာ သိရရင် ကိုယ့်ပြန်မှာပါ """

"""ရှင်မေးခွန်းတွေ အတွက် ကျွန်မမှာ အဖြေမရှိဘူး
ဒါကြောင့် ရှင်အခန်းထဲက အခုထွက်သွားပေးပါ """

ကျွန်တော်ကို ကျောခိုင်းထားပြီး  နှင်ထုတ်ဖို့ကြိုးစားနေတဲ့ ရမ္မက် ကိုယ်လုံးလေးကို ကျွန်တော် ဖက်ဆွဲလှည့်လိုက်ကာ သူမမေးစေ့လေးအား ဆွဲယူမော့လိုက်ပြီး •••။

အချစ်က ကြမ်းတယ်Where stories live. Discover now