အပိုင်း (၁) ရထားတွဲလေးပေါ်ကသံသယဖြစ်ဖွယ်လူတစ်ယောက်

396 28 1
                                    

unicode

သံသယဖြစ်ဖွယ်ကောင်းတဲ့လူတစ်ယောက်ဟာ လေးတွဲမြောက်ရထားတွဲရဲ့ ဆယ့်ငါးတန်းမြောက်မှာ ငြိမ်သက်စွာထိုင်နေခဲ့ပါသည်။

လက်ထောက်လေးဟာ ခရီးသည်ရဲ့လက်ဆွဲပစ္စည်းတွေနဲ့ သယ်လာတဲ့အရာတွေကိုစစ်ဆေးနေတုန်း ရုတ်တရက် ကြောက်လန့်သွားရပြီး ဝူဖန်းရုန်ဆီအပြေးအလွှားသွားသတင်းပို့လိုက်လေသည်။

"သူ့တစ်ကိုယ်လုံးမှာသွေးတွေနဲ့ဖုံးလွှမ်းနေတာ သွေးတွေကများလွန်းလို့ အမဲရောင်တောင်ပြောင်းနေပြီး သူဝတ်ထားတဲ့ကုတ်အကျီကတော့ သူ့ကိုယ်ပေါ်ကသွေးတွေကိုတောင်မဖုံးကွယ်ထားနိုင်ဘူး။ သူဘေးကတံခါးကိုဖွင့်လိုက်တော့သွေးနံ့ကို ကျွန်မရလိုက်တာပါ။ ပြီးတော့ သူကဦးထုတ်ဆောင်းထားပြီး maskတပ်ထားတယ်။ ပြီးတော့ သူ့မှာစုတ်ပြတ်နေတဲ့ အမဲရောင်အိတ်အကြီးကြီးတစ်ခုရှိနေသေးတယ်။ ကျွန်မ အခု ရဲကိုအကြောင်းကြားလိုက်သင့်လား? သူကလူသတ်တရားခံဖြစ်နိုင်တယ်နော်? "

ထိုအကြောင်းလာပြောနေတဲ့အချိန် ဝူဖန်းရုန်ဟာ သူ့ရဲ့ဟောင်းနွမ်းနေတဲ့စစ်ဝတ်စုံကိုဝတ်ဆင်ထားကာ ပါးစပ်မှာတော့စီးကရက်တစ်လိပ်ကိုကိုက်ခဲထားလျက် သူ့ရဲ့လည်သာဖိနပ်ကြီး ကိုဟောင်းနွမ်းပြီးဆီပြန်နေတဲ့အဝတ်စုတ်နဲ့ ခြေထောက်ကိုခုံပေါ်တင်ပြီးဖြည်းဖြည်းချင်းသုတ်နေခဲ့သည်။ သူ့ရဲ့ဖိနပ်ဟာမဲနက်ပြီး တောင်ပြောင်လျက်ရှိကာ သူ့ရဲ့ဖိနပ်ထိပ်ဟာ လက်ထောက်လေးဘက်ကို
လှည့်လာခဲ့သည်။ ဝူဖန်းရုန်ဟာ အသက် သုံးဆယ့်နှစ်နှစ်သာရှိပြီးတောင်ပိုင်းမှာ ကြီးပြင်းလာသူ တစ်ယောက်ဖြစ်သည့်အပြင် ချောမော လှပတဲ့ မျက်နှာကိုလည်းပိုင်ဆိုင်ထားသေးသည်။

"ဘာလို့အဲ့ဒီလောက်တောင် တုန်လှုပ်နေရတာလဲ.....ငါအရင်သွားကြည့်ပါဦးမယ်" လို့ပြုံးရင်းပြောလိုက်ပြီး သူ့ခါးက ခါးပတ်ကိုဆွဲတင်းလိုက်ကာ " ဝလုံးလေး နောက်တစ်ခါငါတို့အတွက် အဝတ်အစားဖိုးစရိတ်ရရင် ငါကတော့ဆိုဒ်အကြီးလိုတော့မယ်ထင်တယ်" လို့ပင် ပေါ့ပေါ့ပါးပါးပြန်ပြောလာခဲ့သည်။

ထိုအခါ လက်ထောက်လေးကသူ့ပုခုံးပေါ်ကနေတစ်ဆင့် ရင်ဘတ်မှာတွဲချိတ်ထားတဲ့ ရွှေရောင်တံဆိပ်လေးကိုအလိုလိုကြည့်မိသွားခဲ့သည်။ ထိုတံဆိပ်လေးဟာ "ရထားသူရဲကောင်းကပ္ပတိန် " လို့ခေါ်ပြီး ပြည်နယ်အစိုးရကနေ ပထမတန်းစား အကျိုးထူးပြုထားသူကိုပဲ ထုတ်ပေးတဲ့တံဆိပ်လေးဖြစ်သည်။ ထိုတံဆိပ်လေးအကြောင်းကို လက်ထောက်လေးကြားသိရသလောက်တော့ လွန်ခဲ့သောငါးနှစ်မဟုတ်ခဲ့ရင်တော့ ခြောက်နှစ်လောက်ကရရှိခဲ့တာလို့ပြောကြသည်။ ထိုအချိန်က ရာဇဝတ်ဂိုဏ်းတစ်ခုက ရထားတွဲတစ်ခုကိုအနုကြမ်းဝင်စီးပြီး ရထားပေါ်ကလူတွေကို ဓားစာခံလုပ်လျက် ရထားလမ်းကြောင်းပြောင်းဖို့ခြိမ်းခြောက်ခဲ့ကြသည်။ သို့သော် ဝူဖန်းရုန်ကတော့ ကြောက်ရွံသွားခြင်းမရှိခဲ့ဘဲ အကြမ်းဖက်သူတွေနဲ့တည်တည်ငြိမ်ငြိမ် ညိနှိုင်းဆွေးနွေးခဲ့ရုံသာမက ရထားပေါ်က ခရီးသည်တွေနေရာမှာ သူကိုယ်တိုင်ဓားစာခံအဖြစ်နေခဲ့ပြီး အထူးရဲတပ်ဖွဲ့ အခင်းဖြစ်နေရာနေရာသို့မရောက်ခင်ထိ အချိန်ဆွဲထားနိုင်ခဲ့သူဖြစ်သည်။ ထို့အပြင် အကြမ်းဖက်အဖွဲ့ဟာလည်း လုံးဝကိုဖမ်းဆီးခံလိုက်ရပြီး ရထားပေါ်ကလူတွေတစ်ယောက်မှ ဒဏ်ရာမရဘဲ ကယ်ဆယ်နိုင်ခဲ့တာကြောင့် အဲ့ဒီအကြမ်းဖက်မှုကြီးပြီးသွားနောက်မှာတော့ ဝူဖန်းရုန်ဟာ ရထားကြီးကြပ်ရေးမှူးအဖြစ် ပြည်နယ်အစိုးရရဲ့ထောက်ခံချက်ကိုရရှိခဲ့တာဖြစ်သည်။ ထိုအကြမ်းဖက်မှုအကြောင်းကို သတင်းမှာသုံးရက်တိတိ ဖော်ပြခြင်းခံခဲ့ရပြီးနောက် ရထားလိုင်းအဖွဲ့အစည်းအတွက် ဂုဏ်ယူစရာသတင်းတစ်ပုဒ်လည်းဖြစ်ခဲ့လေသည်။

A Train named evil(MM translation) DroppedWhere stories live. Discover now