အပိုင်း (၂) ချစ်စရာကောင်းသောကိုယ်လုံးလေးနဲ့ မှုန်ဝါးနေသောရုပ်ရည် (U)

61 11 0
                                    

မိုးလေဝသသတင်းဌာနက ဒီရက်ပိုင်းမှာ ညဘက်တွေဆို နှင်းတွေပိုများများကျလိမ့်မည်ဟု ကြော်ငြာထားလေသည်။ နှင်းတွေကျလာခဲ့ရင်တော့  ဒီကျယ်ဝန်းလှတဲ့ ကမ္ဘာမြေကြီးပေါ်မှာ အပြည့်ဖုံးလွှမ်းနေလောက်မည် ထင်ပါရဲ့လေ။

ရုတ်တရက် နှင်းတွေကိုကြည့်နေရင်း ဟိုလူရဲ့ငွေရောင်တောက်ပနေသလို ညစ်ကျယ်ကျယ်အပြုံးတွေက ဝူဖန်းရုန်ရဲ့အတွေးထဲမှာပေါ်လာခဲ့သည်။

ထိုအခါ ဝူဖန်းရုန်တစ်ယောက် အကျီထဲကဝီစီကို ဆွဲထုတ်ပြီး ပျော်ရွှင်စွာပဲ မှုတ်ကာအချက်ပြလိုက်သည်။ သို့သော် သူ့ရင်တွေအနည်းခုန်နေတာတော့ ဝန်ခံရမည်။

ပိုင်ဟယ်ကိုရောက်ဖို့ နာရီသုံးဆယ်လိုသေးသလို ခရီးဆုံးရောက်ရန်အတွက်တော့ ရှည်လွန်းပါသေးသည်။

===============================

လက်ထောက်လေးက ဓာတ်ဘူးလေးကိုရေလည်နေတုန်းက ဝူဖန်းရုန်က သူမကို မျက်နှာသေဖြင့်စိုက်ကြည့်နေတာကိုမြင်လိုက်ရသည်။ သူမတင်ပြခဲ့တဲ့အခြေအနေဟာ တကယ်ကို အန္တရာယ်များကြောင်းကိုစဥ်းစားမိပြီး အသံပင်မထွက်ရဲလောက်အောင် ကြောက်လန့်နေမိသည်။ ဝူဖန်းရုန်ကတော့ သူဆေးလိပ်သောက်တာ များသွားပြီး လည်ချောင်းတွေနာနေတာကြောင့် ရေနွေးသောက်ဖို့လာရှာတာပဲဖြစ်သည်။ ဓာတ်ဘူးလေးကသေးတာကြောင့် ခနခနလာထည့်ဖို့ သူ့အတွက် အဆင်မပြေလှချေ။ ဝူဖန်းရုန်ဟာ ရထားပေါ်က ကြီးကြပ်ရေးမှူးအခန်းမှာ ရေသန့်စက်တစ်လုံးလောက်ထားရင်ကောင်းမလားလို့တွေးနေပေမဲ့ အခုရထားပေါ်မှာသုံးနေတဲ့ ဓာတ်ဘူးလေးဟာ အကောင်းအတိုင်းပဲရှိနေသေးပြီး စွန့်ပစ်ဖို့အချိန်မကျသေးပေ။ ထို့နောက် သူဓာတ်ဘူးကိုင်ထားပြီး သူ့ကိုပြန်မကြည့်ရဲတဲ့ လက်ထောက်မလေးဆီကိုပဲ အကြည့်တွေ ရွေ့လိုက်တော့သည်။

" ရေနွေးသောက်ဖို့မဟုတ်ဘူးလား...မင်း ဒီမှာတစ်ခွက်လောက်တော့ သောက်လို့ရသေးတယ်။ ပြီးတော့ မင်းကိုကြည့်ရတာ တစ်ခွက်လောက်တော့ စိတ်အေးသွားအောင်သောက်သင့်တယ်လို့ ထင်တာပဲ" လို့ဝူဖန်းရုန်ကပြောလိုက်သည်။

ထိုအခါ လက်ထောက်မလေးမှာ အနည်းငယ်စိတ်ငြိမ်သွားပြီးနောက် သူမလက်ကို ဝေ့ယမ်းလိုက်ကာ " ဟင့်အင်း ဟင့်အင်း ကျွန်မသောက်ဖို့မလိုပါဘူး။ ရုန်ကောပဲ သောက်လိုက်ပါ။ ကျွန်မတို့အကုန်လုံးက ရုန်ကောကိုပဲအားကိုးနေရတာလေ " လို့ပြောလာခဲ့သည်။

A Train named evil(MM translation) DroppedOnde histórias criam vida. Descubra agora