အပိုင်း၃၄(uni/Zg)

3.3K 54 1
                                        

ကိုယ့်အသက်မို့ မဝေးချင်ပါ
အပိုင်း ၃၄

"ကိုကြီး ပူလို့လားဟင် "

မောင်းလာတဲ့ တစ်လျောက်လုံး
ဘာမှမပြောဘဲ တောင့်တောင့်ကြီးထိုင်ကာ ချွေးစေများပြန်နေတဲ့ ကိုကြီးကို ဆူးခက်မေးလိုက်သည် ။
ကိုကြီးက ဆူးခက်ကို မကြည့်ဘဲ ခေါင်းခါပြတာမို့
ဆူးခက် နှုတ်ခမ်းတို့ စူသွားရသည် ။
အခုမှ တွေ့တာကို လွမ်းကြောင်း ဘာညာမပြောဘဲ တေမိလုပ်နေတဲ့ ကိုကြီးကို စိတ်တိုလာရပါ၏။
ဆူးခက်မောင်း‌နှင်နေတဲ့ကားကို လမ်းဘေးချရပ်လိုက်သည် ။
အချိန်ကား ၅နာရီလောက်ဘဲ ရှိသေးတာမို့
လမ်းပေါ် မှာမောင်းနှင်နေတဲ့ ကားတစ်စီးစ နှစ်စီးစသာရှိသည် ။

"ကိုကြီး !! "

အသံစူးစူးလေးနှင့် ဆောင့်အောင့် ခေါ်တာကြောင့် ပြတင်းပေါက်ဘက် မျက်နှာမူထားသော စွဲညို့ အလန့်တကြားလှည့်ကြည့်မိသည် ။
လူကို နှုတ်ခမ်းလေးစုထော်ကာ
မှုန်ကြုတ်ကြုတ်လေးကြည့်နေတဲ့ အသက်လေးကြောင့် စွဲညို့
နဂိုကထက် ချွေးစေးတို့ပြန်လာရသည် ။

"ဘာလို့လဲဟင် အသက်လေး "

"ဆူးခက်မေးရမှာပါနော် ကိုကြီးဘာဖြစ်နေတာလဲ"

"မဖြစ်ပါဘူး "

ပါးစပ်ကသာ မဖြစ်ပါဘူးဖြေနေတာ မျက်လုံးက ဆူးခက်ကိုကြည့်မနေပါ
ဟိုဟိုဒီဒီရွေ့နေတဲ့ ကိုကြီးမျက်လုံးတွေကို ဆူးခက်မဆုံဆုံအောင်လိုက်ကြည့်ရင်း

"မလိမ်ပါနဲ့ ဆူးခက်ကိုမကြည့်ဘူးဆိုတည်းက
ကိုကြီးတစ်ခုခုဖြစ်နေတာ‌သေချာပါတယ် ဟုတ်တယ်မလား "

အနားကပ်ခါမေးလိုက်တော့ ကိုကြီးက ခုံထဲဝင်တော့မတက် အနောက်ကိုဆုတ်သည် ။
ကိုကြီးက အနောက်ဆုတ်တော့ ဂျစ်တိုက်ချင်တဲ့ဆူးခက်က ကိုကြီးနားပိုတိုးကပ်လိုက်သည် ။
နောက်ဆုတ်စရာ နေရာမကျန်တော့သည်မို့
ကိုကြီးက ဟူးကနဲလေပူတွေမှုတ်ထုတ်ပြီး ဆံပင်တွေထဲလက်ထိုးဖွနေသည် ။
ကိုကြီးရဲ့ ယခုပုံစံက ဆူးခက်ကို
ဖွင့်ပြောတဲ့နေ့က ပုံစံနဲ့ တစ်ထပ်တည်းပင်
ကိုကြီးက ဆူးခက်ကို တစ်ခုခုပြောဖို့ ကြိုးစာနေတာဖြစ်မည် ။

ကိုယ့်အသက်မို့ မဝေးချင်ပါ(Complete )Où les histoires vivent. Découvrez maintenant