Part 4

243 15 4
                                        

ဂျောင်ကု ရုံးရှေ့ကားရောက်တာနဲ့ တံခါးအမြန်ဖွင့်လို့ ရုံးခန်းရှိရာအပြေးသွားရတယ်
မပြေးလို့လဲမရဘူးလေ အစည်းအဝေးကစမှာက၁၀ နာရီ
အခု၉း၄၅ရှိနေပြီ suitလည်း လဲရအုံးမှာဆိုတော့
ထယ်နဲ့တွေ့ဖို့ဆိုတာမဖြစ်နိုင်တော့....
ရုံးခန်းထဲအမြန်ဝင်လို့suitလဲပြီးအပြင်ပြန်ထွက်တော့ ထယ်ရှိတဲ့ဘက်ဆီလှည့်အကြည့်
ထယ်ကလဲ ကိုယ်ရှိတဲ့ဘက်ဆီကြည့်နေရင်း
ကိုယ့်ကိုမြင်တော့ ပြုံးပြတယ်
ထယ့်အပြုံးကိုမြင်လိုက်ရတော့မှပဲ ပင်ပန်းနေတာမှန်သမျှပျောက်သွားပြီးရင်ကိုအေးသွားတာပဲဗျာ။
ဒါတွေကိုစော်မရှိ၊ဘဲမရှိတဲ့စာဖတ်သူFAတို့သိမှာမဟုတ်ပါဘူးလေ....
ကိုယ်လဲပြန်ပြုံးပြပြီး အစည်းအဝေးခန်းဘက်အမြန်လျှောက်သွားလိုက်တယ်
ထယ်ယောင်းတစ်ယောက်အလုပ်လေးလုပ်လိုက် ဂျွန့်ရုံးခန်းဘက်ကြည့်လိုက်နဲ့ အလုပ်ကိုဖြစ်နေရော...
ကြည့်နေတုန်း ဘယ်ကတည်းကရောက်လာမှန်းမသိလိုက်တဲ့ ဂျွန်ကsuitအပြည့်အစုံလဲပြီးလို့
ရုံးခန်းထဲကတောင်ပြန်ထွက်လာပြီ
အပြေးအလွှားဖြစ်နေပြီးချွေးတွေရွှဲနေတာတောင်မှ ဂျွန့်ရဲ့ချောမောမှုကြီးကလျော့မသွား
ဒီလိုမိမိုက်လွန်းတဲ့ချစ်သူမျိုးကိုပိုင်ဆိုင်ထားတဲ့
ကိုယ့်ကိုယ်ကိုတောင်ဂုဏ်ဆာမိနေပြီ အဟိ
ကိုယ့်ကိုယ်ကိုဂုဏ်ဆာ​နေတုန်း ဂျွန်ကလှမ်းကြည့်လာတာမို့ ကိုယ့်ဘက်ကအရင်ပြုံးပြလိုက်တယ် ဂျွန်ကလဲပြန်ပြုံးပြပြီး အစည်းအဝေးခန်းဘက်လျှောက်သွားတယ်
ထယ်ယောင်း ဂျွန့်ကိုမျက်စိတဆုံးလိုက်ကြည့်ပြီးမှ အလုပ်ကိုဆက်လုပ်နေလိုက်တယ်
ဂျောင်ကု အစည်းအဝေးပြီးလို့်ရုံးခန်းထဲပြန်ရောက်တော့ ထယ့်ကိုတွေ့ချင်တာမို့် ခေါ်ဖို့တွေးလိုက်မိတယ်
ရုံးခန်းရှေ့ အတွင်းရေးမှူးခုံမှာအလုပ်လုပ်နေတဲ့
yoongi hyung ကိုအထဲကနေ ထယ်ယောင်းကိုခေါ်ပေးဖို့လှမ်းပြောလိုက်တယ်
ထယ်ယောင်း စာရင်းတွေပြန်ကြည့်နေတုန်း
yoongi hyung က''CEOခေါ်နေတယ်''လို့လာပြောတာနဲ့ဂျွန့်ဆီသွားဖို့နေရာကထလိုက်တယ်
ထယ်ယောင်းရုံးခန်းတံခါးကိုခေါက်လိုက်တော့
အထဲကနေဂျွန်ရဲ့'ဝင်ခဲ့ပါ'ဆိုတဲ့အသံကြောင့်
တံခါးဖွင့်ပြီးဝင်သွားလိုက်တယ်
ဂျောင်ကု ထယ်ယောင်းအခန်းထဲဝင်လာတာနဲ့
နေရာကနေထပြီးထယ့်ကိုသွားပြီးဖက်လိုက်တယ် မဖက်ရတာတစ်ပတ်လောက်ကြာသွားလို့လားမသိ လွှတ်ကိုမလွှတ်ချင်တော့တာ..
ထယ်ယောင်း တံခါးလေးပြန်ပိတ်ပြီးပြန်အလှည့်ဂျွန့်ရဲ့တင်းတင်းကြပ်ကြပ်ဖက်ခြင်းကိုခံလိုက်ရတော့ လူကအင့်ခနဲပင်
'ဂျွန်ဂျောင်ကုတို့်ကလုပ်လိုက်ရင်အရမ်းပဲ
ဖက်တာပြောပါတယ် အဟမ်း'
Tae-''လွှတ်အုံး ဂျွန်ရဲ့  အင့်'' ပြောကာမှပိုတိုးဖက်တဲ့ဂျွန်ရယ်ပါ သူဖက်လို့ဝမှလူကိုလွှတ်ပေးတယ် မလွှတ်ပေးရင်လဲ လူကသေတော့မယ်
Jk-''လွမ်းလိုက်ရတာ ထယ်ရာ.....
        ထယ်ရောကိုယ့်ကိုမလွမ်းဘူးလား ဟင်?''
Tae -''လွမ်းတာပေါ့ ဂျွန်ရယ် မလွမ်းဘဲနေမလား
Jk-''ကိုယ့်ကိုလား ကိုယ့်ညီလေးကိုလား''
ဂျောင်ကု ထိုအမေးကိုပြီတီတီမျက်နှာပေးဖြင့်
မေးလိုက်ခြင်းပင်
မကြာပါ ထယ့်ဆီကဗိုက်ခေါက်ဆွဲလိမ်ခံလိုက်ရတယ်
Jk-''အား... ထယ်ရဲ့ နာတယ်လို့...အ ..သေပါပြီ
        ထယ််ရာ'' ဂျောင်ကုပြောရင်း နာသွားတဲ့
ဗိုက်နေရာကိုပွတ်နေမိတယ်
Tae -''နာမှာကြောက်ရင် ဘာလို့စလဲ ဂျွန်ရဲ့
          ဘယ့်နှယ့် ​မကြိုက်ပါဘူးဆိုမှပဲ ''
Jk -''ထယ်ကလဲ လွမ်းလို့လေကွာ...... babeရယ်
       ကိုယ်တို့ညနေအလုပ်ဆင်းရင်အတူတူပြန်
       မယ်လေ   ကိ်ုယ့်ကွန်ဒိုကိုလိုက်အိပ်လေနော်
       နေ့လည်ထမင်းစားချိန်ကျရင်လဲတူတူစား
       ချင်တာ အလုပ်တွေကြောင့်ကွာ...ဟူး''
Tae-''အင်းပါ အင်းပါ ထယ်လိုက်အိပ်ပါ့မယ်
          အလုပ်ကိုသာအာရုံစိုက်လုပ်နော်
          ထယ်သွားတော့မယ်လေ ကြာနေပြီရယ်''
Jk-''ကောင်းပါပြီဗျာ... ကဲ မသွားခင်လေး''လို့်
ပြောကာ ဂျောင်ကု ကိုယ့်ပါးတဖက်ကိုထယ့်ဆီ
ထိုးပေးလိုက်တော့ ထယ်ကလဲ အလိုက်သိစွာ
အနမ်းပေးတယ်
Tae -''ကဲ သွားတော့မယ် ဂျွန်
         ညနေကျရင်car parkingမှာစောင့်နေမယ်''
လို့ ပြောပြီး ဂျွန့််ရုံးခန်းထဲကနေထွက်လာလိုက်တယ်
ထယ်ယောင်း ထွက်သွားတော့မှပဲ ဂျောင်ကု လဲ
အလုပ်ပုံထဲခေါင်းစိုက်လိုက်တော့တယ်         

Don't judge a book by it's coverWhere stories live. Discover now