Part 26

119 13 0
                                        

ထယ်ယောင်းနေ့လည်ထမင်းမစားခင် ဂျွန့်ဆီဖုန်းဆက်လိုက်ပေမဲ့ ဂျွန်ကဖုန်းမကိုင်။
ထယ်ယောင်းမတင်မကျဖြစ်နေတဲ့စိတ်ကို ပြေစေဖို့ ဂျွန့်ကုမ္ပဏီကိုလိုက်သွားဖို့သာရှိတော့သည်။

Tae -"ဂျီမင်း..ငါဂျွန့်ဆီလိုက်သွားအုံးမယ်"

ဂျီမင်း ပြန်မပြောရသေးခင်မှာပင် ကားသော့ကောက်ဆွဲကာ ထယ်ယောင်းထွက်သွားတာမို့
ဂျီမင်း သက်ပြင်းတစ်ချက်ချမိတယ်။

ထယ်ယောင်း ဂျွန့်ကုမ္ပဏီရောက်တော့
receptionကအမကထယ်ယောင်းကိုတွေ့တာနဲ့ပြုံးပြနှုတ်ဆက်တာမို့ ပြန်ပြုံးပြလိုက်တယ်။
Receptionမှာ အဲ့အမအပြင် yoongi hyungကိုပါတွေ့တာမို့ အဆင်သင့်ဖြစ်သွားတယ်။

Tae -"yoongi hyung..ဂျွန်ရှိတယ်မလား
         ကျွန်တော်တက်သွားလိုက်အုံးမယ်"

Yoongi-"ဟင်? ထယ်ယောင်း ဒီနေ့ဂျောင်ကုက
                သွားစရာရှိလို့် ရုံးမလာဘူးလေ။
                မင်းမသိဘူးလား?

Tae -"ဗျာ!..ကျွန်တော့်ကိုပြောတော့ အရေးကြီး
         လို့ ကုမ္ပဏီအစောသွားရမယ်ဆိုပြီးထွက်
         သွားတာ မနက်စာတောင်အတူမစားလိုက်
        ရဘူး "

Yoongi -"မနေ့ကတည်းက ဒီနေ့ရုံးမတက်ဘူးလို့
                hyung ကိုပြောသွားတာ
               Hyungတောင်မှ ထယ်ယောင်းနဲ့date
               မို့လားလို့တောင်မေးလိုက်သေးတာ"

Tae -"ကျွန်တော်ဘာမှကိုမသိတာ..hyung
           အခုမလာခင်ကတောင် ဂျွန့်ကိုဖုန်းဆက်
           သေးတယ် မကိုင်ဘူး"

Yoongi -"အာ...သူအလုပ်ရှိနေလို့နေမှာပါ
                စိတ်အရမ်းမပူပါနဲ့ ထယ်ယောင်းရ"

Tae -"ဟုတ်ကဲ့ hyung ဒါဆိုခွင့်ပြုပါအုံး"
ထယ်ယောင်း yoongi hyung ရှေ့ကနေသာ
ခပ်သွက်သွက်ထွက်လာလိုက်တယ်။

ထယ်ယောင်းကုမ္ပဏီပြန်နေတဲ့လမ်းတစ်လျှောက် စိတ်နဲ့လူနဲ့မကပ်တော့.....
'ဂျွန်ကဘယ်သွားတာမို့ ငါ့ကိုမပြောတာလဲ။
ပြောတော့ အလုပ်အရေးကြီးလို့်ပါဆိုပြီး ရုံးမှာမရှိဘူး ဘာတွေလဲ'

ထယ်ယောင်း ကုမ္ပဏီပြန်ရောက်တဲ့အထိ ငေါင်တောင်တောင်ဖြစ်နေတယ်။

Don't judge a book by it's coverWhere stories live. Discover now