ညနေရုံးဆင်းတော့ ထယ်ယောင်းအားလုံးထက်
နဲနဲနောက်ကျမှရုံးဆင်းလိုက်တယ် ဘာလို့ဆို
ဂျွန်နဲ့တူတူပြန်မှာမို့ပင်
သူတို့်နှစ်ယောက်ရဲ့ဆက်ဆံရေးကိုဂျွန်ကတော့
အသိပေးစေချင်ပေမဲ့ ထယ်ယောင်းတားထားလို့ငြိမ်နေတာ မဟုတ်ရင်အကုန်သိပြီးလောက်ပြီ
ထယ်ယောင်းကတော့ အချိန်တစ်ခုကိုစောင့်ပြီး
အားလုံးအဆင်ပြေမှအသိပေးချင်တယ်
ထယ်ယောင်းcar parkingမှာသိပ်တော့မစောင့်လိုက်ရပေ။
Jk-''ထယ်စောင့်နေတာကြာပြီလား''
Tae-''သိပ်မကြာသေးပါဘူး ဂျွန်ရဲ့''
Jk-''အင်းပါ လာ ကားပေါ်တက်'' ဟုဆိုကာ
ဂျောင်ကုကိုယ်တိုင်ထယ်ယောင်းထိုင်မယ့်ဘက်ကိုတံခါးဖွင့်ပေးပြီး ထယ်ယောင်းထိုင်ပြီးမှတံခါးပြန်ပိတ်လို့ driver seatဘက်သွားတယ်
Jk -''ထယ်...''လို့ခေါ်လိုက်တော့ ထယ်ကငေးနေရာကနေလှည့်ကြည့်တယ်
Jk-''ညနေစာ ဘာစားချင်လဲ တခါတည်းဝယ်
သွားမယ်လေ ''
Tae-''အင်း....steakရယ် cola ရယ်စားချင်တယ်''
Jk-'' okလေ Let's go!''
နှစ်ယောက်သားဝယ်စရာရှိတာဝယ်ပြီးဂျွန့်ကွန်ဒိုဆီပြန်လာလိုက်တယ်
အိမ်ထဲရောက်တာနဲ့ ဂျောင်ကုကထယ်ယောင်းကို ရေအရင်ချိုးစေတယ် သူကတော့ မီးဖိုခန်း
ဝင်ပြီး ဝယ်လာတာတွေကို အဆင်သင့်ပြင်လိုက်တယ်.....
ထယ်ယောင်းအဝတ်တွေကဂျွန့်ကွန်ဒိုမှာလဲရှိလို့
ေရချိုးပြီးလဲဝတ်ဖို့အတွက်ပူစရာမလို။
ဂျောင်ကုပြင်စရာရှိတာပြင်ပြီးတော့ အခန်းထဲဝင်ပြီးထယ့်အတွက်အဝတ်အစားကြိုထုတ်ပေးထားလိုက်တယ်
ထယ်ယောင်းရေချိုးပြီးထွက်လာတော့ ဂျွန်ကအဝတ်အစားထုတ်ပေးထားပြီးပြီ
Tae-''ဂျွန် ရေသွားချိုးတော့လေ ထယ်ချိုးပြီးပြီ''
Jk-''အင်း.. ဒါဆိုကိုယ်ရေသွားချိုးတော့မယ်
ဆာရင်စားနှင့်နော် ''
Tae-''ဂျွန်နဲ့မှတူတူစားမယ်လေ လောလောဆယ်
ဂျွန့်Laugge ကိုရှင်းအုံးမယ် ''
ဂျွန်ရေချိုးဖို့အခန်းထဲဝင်သွားမှ ထယ်ယောင်း
ဂျွန့်Laugge ကိုစရှင်းလိုက်တယ်
ဂျောင်ကုရေအမြန်ချိုးလိုက်ပြီး ထွက်လာတော့
ထယ်ကကိုယ့်အဝတ်အစားတွေကိုခေါက်သိမ်းနေတဲ့မြင်ကွင်းကအိမ်ထောင်သည်လင်မယားတွေလိုပုံစံမျိုးမို့် ကိုယ့်ကိုယ်ကိုအိမ်ထောင်သည်
ယောက်ျားလို့တောင် ဂျောင်ကုတွေးနေမိတယ်
ထယ်ကတော့သူ့ရဲ့အိမ်သူသက်ထား လင်ယောက်ျားလေးပေါ့
ေဂျာင်ကုထယ့်အနောက်ကနေခါးကိုသိုင်းဖက်လို့ ပုခုံးပေါ် မေးစေ့တင်ထားလိုက်တယ်
ထယ်ယောင်းအဝတ်တွေရှင်းနေတုန်း ဂျွန်က
ခါးကိုဖက်ပြီး ပုခုံးပေါ် ခေါင်းတင်လာတာမို့
လည်ပင်းအနည်းငယ်စောင်းပေးလိုက်တယ်
Tae-''ဂျွန် အဝတ်အစားလဲလေ ထယ်ဆာနေပြီ''
Jk-''ထယ်ကကွာ...အဲ့လိုကြီးပြောတော့ ကိုယ်က
ရှက်တာပေါ့လို့''
ထယ်ယောင်းကြောင်သွားတယ် ဘာလား
ဗိုက်ဆာနေပြီလို့ပြောတာကို ဘာကိုရှက်တာလဲ
Tae -''ဘာကိုရှက်တာတုံး ဗိုက်ဆာနေပြီပြောတာ
ဘယ်နေရာကရှက်ဖို့ကောင်းနေလို့လဲ''
ဂျောင်ကု ထယ့်ကိုမျက်နှာချင်းဆိုင်ဆွဲလှည့်ပြီး
Jk-'' ထယ်ပဲ ဆာနေပြီဆို''
Tae-''အင်းလေ ဆာနေပြီလေ'' လို့ပြန်ဖြေပြီး
ဂျွန့်မျက်နှာပေါ်ကလူယုတ်မာပြုံးကိုတွေ့လိုက်မှ
ဂျွန်ပြောတာကိုသဘောပေါက်တော့တယ်
သဘောပေါက်သွားတာနဲ့တပြိုင်တည်းဂျွန့်ကို
ဗိုက်ကြောဆွဲလိမ်လိုက်တယ်
Jk-''အ..ထယ်ရဲ့ ကိုယ်ပြောတာဘာမှားလို့လဲ
ထယ်ပဲဆာပြီဆို ''
ဂျောင်ကု ကိုယ့်ရှေ့ကရှက်လို့မျက်နှာရဲနေတဲ့
ထယ့်ကိုဆက် စ နေမိတယ်
ထယ်ကရှက်တဲ့အချိန်ဆို စတော်ဘယ်ရီလုံးလေးကျနေရော.....
Tae -''မစနဲ့ ဂျွန်ရာ ဗိုက်ဆာနေပြီလို့ဆိုနေမှ''
Jk-''အင်းပါ အင်းပါ ကိုယ်မစတော့ဘူးနော်
ရှက်နေတဲ့မျက်နှာလေးလား ဒါလေးက ဟင်''
Tae -''ဂျွန်!...''
Jk-''ဟဟဟ...အင်းပါအင်းပါ သွားစားကြမယ်''
နှစ်ယောက်သားစားသောက်ပြီးစီးသွားတော့
TVရေှ့မှာအတူတူထိုင်လို့ရုပ်ရှင်ကြည့်နေတယ်
ထိုအချိန် ဂျောင်ကုဖုန်းမြည်လာတာမို့
Jk-''ထယ် ကိုယ်ဖုန်းခနပြောလိုက်အုံးမယ်နော်''
လို့ပြောပြီးထထွက်သွားတယ် ထယ်ယောင်းလဲ
ဂျွန်ထွက်သွားတော့မှ စဥ်းစားနေမိတယ်
ဂျွန့်ကိုသူ့ပုံစံအမှန်ကိုဘယ်လိုပြောရမလဲကိုပေါ့
ဂျောင်ကုဖုန်းကိုင်လိုက်တော့ အမေက
အိမ်ခနလာဖို့ခေါ်တာမို့ လာခဲ့ပါ့မယ်လို့ပြောပြီး
ဖုန်းချလိုက်တယ်
ဧည့်ခန်းဘက်ပြန်လာတော့ထယ်ကစူးစမ်းသလို
ကြည့်လာတာမို့
Jk-''ထယ်..ကိုယ်အိမ်ခနပြန်လိုက်အုံးမယ်
အမေခေါ်နေလို့ အိပ်ချင်အိပ်နှင့်နော် မွ''
ဂျောင်ကု ထယ်ရဲ့နဖူးလေးကိုအနမ်းပေးပြီး
သွားဖို့ပြင်လိုက်တယ်
ထယ်ယောင်းလဲ ဂျွန့်အမေခေါ်တာဆိုတော့
ဘာမှမပြောမိဘူး
ဂျွန့်ရဲ့တံခါးပိတ်သံကြားမှ ထယ်ယောင်း
ရုပ်ရှင်ဆက်ကြည့်နေလိုက်တယ်
မျက်လုံးအစုံကသာရုပ်ရှင်ကြည့်နေပေမဲ့
စိတ်အစဥ်ကတော့ ဂျွန့်အမေကဂျွန့်ကိုသူနဲ့
လမ်းခွဲဖို့များပြောမလားလို့တွေးရင်းစိတ်ပူနေမိတယ်

YOU ARE READING
Don't judge a book by it's cover
FanfictionJust my imagination. So, don't blame my idols Laguage.. Burmese not English