ပြတင်းတံခါးမှ တိုးဝင်လာသော နေရောင်ခြည်ခပ်နွေးနွေး။ တဂျီဂျီတဂျာဂျာ ငှက်အော်သံများကိုလည်း ကြားနေရ၏။ ထိုနှင့်အတူ ပျံ့လွှင့်လာသော တယောသံငြိမ့်ငြိမ့်ညောင်းညောင်း။ မျက်လုံးတို့ကို အားယူဖွင့်လိုက်သောအခါ အဖြူရောင်မျက်နှာကျက်က ဆီးကြိုလို့နေ၏။ သခင်ကြီးရဲ့ အိပ်ခန်းထဲမှာဆိုသော အသိစိတ်ကြောင့် ပြုံးလိုက်မိပါသေးသည်။
" နိုးပြီလား ဂျွန်ငယ် "
မနက်ခင်းမှာ တရားဦးနာဖို့ထက် သခင်ကြီး၏ နိုးပြီလားဟူသော အမေးစကားကို ပို၍တောင့်တမိပါသည်။
" ဟုတ်ကဲ့ သခင်ကြီး "
အိပ်ရာမှအမြန်ထကာ အသံလာရာအား ဝေ့ဝဲလို့ရှာကြည့်မိ၏။ တွေ့ပါပြီ၊ ပြတင်းပေါက်နားမှာ တယောလေးကိုင်ပြီး ကျွန်တော့်ကိုရပ်ကြည့်နေသော သခင်ကြီး။
အချိုမြဆုံးသော အပြုံးလေးအား နှုတ်ခမ်းထက်ချိတ်ဆွဲလို့ထား၏။ မနက်ခင်းအကြည်ဓာတ်လေးလိုမျိုး စိတ်အေးချမ်းမှုကို ပေးစွမ်းနေသည်။ သခင်ကြီးကြောင့် ကျွန်တော်ရူးရချည်ရဲ့။
" ကိုယ်နဲ့အတူ ပန်းပင်စိုက်ချင်လား ဂျွန်ငယ် "
" ဘာပန်းပင်လဲ သခင်ကြီး "
" ကိုယ်နယ်သာလန်ကနေ ယူလာတဲ့ ကျူးလစ်မျိုးစေ့ရယ်၊ ဒေစီမျိုးစေ့ရယ်ရှိတယ်။ ဂျွန်ငယ် စိုက်ချင်တာကိုရွေး "
" ကျွန်တော်က ဒေစီရွေးလိုက်ရင် ကျန်တဲ့ကျူးလစ်တွေကို ဘာလုပ်ပြစ်မှာလဲ သခင်ကြီး "
" မင်ယူကိုပေးလိုက်မယ်လေ၊ သူလည်းပန်းပင်စိုက်ရတာ ကြိုက်တယ် ဂျွန်ငယ်ရဲ့ "
" ဪ "
ချက်ချင်းဆိုသလို မျက်နှာလေးညှိုးကျသွားသောအခါ ဒီကလူမှာ အမှားလုပ်လိုက်မိသလိုပင်။ ကုတင်နားသို့ အလျင်သွားကာ ဂျွန်ငယ်နှင့် မျက်နှာချင်းဆိုင် ဝင်ထိုင်လိုက်သည်။
" ကိုယ်လွှင့်ပြစ်လိုက်မယ် "
" ဗျာ "
" မပေးတော့ဘူး။ ကိုယ် အဲ့မျိုးစေ့တွေကို လွင့်ပြစ်လိုက်မယ် "
" သခင်ကြီး "
" နောက်ဆို ကိုယ့်ကြောင့်နဲ့ အဲ့လိုမျက်နှာမညှိုးပြနဲ့။ ကိုယ်မကြိုက်ဘူး ဂျွန်ငယ် "
YOU ARE READING
Where's my (b) vrownie
Fanfiction~ ကိုယ်ဖွင့်ဆိုတဲ့ အချစ်က ကိုယ့်ဂျွန်ငယ်ပဲ ~ taekook (a tale of the daisies)