(၈) where's my vrownie

469 55 11
                                    

လသာဆောင်၌ နှစ်ဦးသားရပ်နေမိသည်မှာ အတော်လေးကြာမြင့်လေပြီ။ စကားသံများ မရှိသော ပတ်ဝန်းကျင်ဟာ ခြောက်ခြားဖွယ်အတိပင်။ ထို့ကြောင့် ကျွန်တော့်ဘက်မှ စတင်ရလေသည်။

" သခင်ကြီး "

သခင်ကြီးသည် ကျွန်တော့်ကို ကြည့်မနေခဲ့ပါ။ ခြံဝင်းထဲရှိ မေပယ်လ်ပင်ကြီးအောက်တွင် စာအုပ်ဖတ်နေသော အစ်ကိုလေးမင်ယူကိုသာ ငေးနေ၏။

" ပြောလေ ဂျွန်ငယ် "

" အစ်ကိုလေးမင်ယူက ယောက်ျားတစ်ယောက်ဆိုပေမယ့် ပြစ်ချက်မရှိလောက်အောင်ကို လှတယ်နော် "

လှည့်လို့ကြည့်လာခဲ့ပါပြီ။ နောက်ဆုံးမှာတော့ သခင်ကြီးရဲ့ အာရုံတွေဟာ ကျွန်တော့်ဆီသို့ ရောက်လာခဲ့၏။

" ဂျွန်ငယ် "

ကျွန်တော့်တစ်ယောက်တည်းကိုသာ ငေးကြည့်စေချင်သော်လည်း ယခုလို ကြည့်လာသောအခါ ထိုမျက်ဝန်းများကို ရင်မဆိုင်ရဲပေ။ ထို့ကြောင့် အကြည့်ချင်းမဆုံမိစေရန် ခေါင်းငုံ့ထားလိုက်မိသည်။

" မျက်ခုံးလေးပင့်တာကအစ ခပ်ယေးယေးပြုံးလိုက်တာအဆုံး၊ အပြုအမူတိုင်းက လှပနေရော မဟုတ်လား "

" ဘာလို့ ဒါတွေပြောနေရတာလဲ ဂျွန်ငယ် "

" ကျွန်တော့်ကို ဘာလို့ချစ်တာလဲ။ ကျွန်တော်က ဘာမှလည်းတပ်မက်ချင်စရာ မကောင်းဘူးလေ "

ဂျွန်ငယ့်အသံတွေဟာ တုန်ရီနေခဲ့၏။ ငိုချင်နေသော ကလေးတစ်ယောက်ကို တိတ်တိတ်နေဟု အမိန့်ပေးခံထားရသကဲ့သို့ပင်။ ထို့အပြင် ခြံထဲ၌ စာအုပ်ဖတ်နေသော မင်ယူ့ကိုလည်း ခပ်တွေတွေငေးကြည့်နေ၏။ စကားတစ်ခွန်းပြောလေ၊ မျက်ရည်တစ်ရစ်ဝဲလေဖြင့်။

" ကိုယ့်ကိုကြည့် ဂျွန်ငယ် "

" ဗျာ "

ကြည့်ဆိုတော့လည်း ချက်ချင်းမော့လို့ကြည့်၏။ ခေါင်းသေးသေးလေးနဲ့ ဘာတွေတွေးနေရတာလဲ ကိုယ့်ကလေးလေးရယ်။

သခင်ကြီး၏ အကြည့်တို့၌ ကရုဏာသက်မှုများ ပြိုဆင်းလျက်ရှိသည်။ အနည်းငယ်တုန်ရီနေသော ဂျွန်ငယ့်ပခုံးလေးကို ဆုပ်ကိုင်ကာ စကားဆိုရန် ပြင်လေ၏။

You've reached the end of published parts.

⏰ Last updated: May 07, 2023 ⏰

Add this story to your Library to get notified about new parts!

Where's my (b) vrownie Where stories live. Discover now