At 7:00 AM
"မောင်.."
"အင်း"
"7နာရီထိုးနေပြီ တစ်ခုခုစားမလား"
"မစားဘူး။မင်းလက်နဲ့လုပ်ထားတာမို့ငါမစားဘူး"
"အော် ရပါတယ်မောင်ရယ်..ငါ လုလုကိုပဲခိုင်းလိုက်ပါ့မယ်"
"အင်း.."
"လုလုရေ.."
"ရှင့် ကော"
"မင်း ခဲအိုအတွက် မနက်စာ စီစဉ်ပေးလိုက်ပါ..ငါ ခြံနောက်ထဲသွားမလို့"
"ဟုတ်ကဲ့ပါ"
လုလုသည် အရိပ်ကင်းပါးနားလည်သည် ရိပေါ်ရဲ့ မွေးစားညီမဖြစ်သလို၊အိမ်မှာကူလုပ်နေတဲ့သူဆိုလည်းမမှားဘူး။လုလုသည် ရိပေါ်အိမ်ထောင်နဲ့ပတ်သတ်ရင် ခရေစေ့တွင်းကျသိသည် သို့သော် သူ့အကိုကို ဝမ်းနည်းအောင် တစ်ကြိမ်၊တစ်ခါမှ မပြုလုပ်ပေ။
"ခဲအို..စားလို့ရပါပြီ"
"အင်း မင်းအကိုကော"
"ခြံနောက်ထဲသွားပါတယ်..ပင်းပန်လို့အနားယူနေတာထင်ပါတယ်"
"ပင်ပန်းတယ်..အဟက် သူက ပင်းပန်တယ်တဲ့လား"
"ခဲအို မသိသေးတဲ့ အကြောင်းအရာတွေများနေတာမို့ အကိုကို တော်ရုံပဲ ညှင်းဆဲပါ"
"......."
လုလုသည် အကို့အစား မည်သို့မှအငြိမ်မနေနိုင်ပါ။သူ့အကိုပင်ပန်းတာ သူသာသိသည် တိတ်"လေး ခိုးငိုနေတဲ့အချိန်တွေဆို ရင်ကွဲမတတ် ကြည့်နေရတဲ့ သူသာနားလည်သည်။
"ကော.."
"အော် လုလု လာလေ"
"မပင်ပန်းဘူးလား ကော.."
"ပင်ပန်းတာပေါ့။ဒါပေမဲ့ ကော နေသားကျနေပြီလေ လုလုရယ်..သူဆီကနေ ထွက်မပြေးချင်တော့ဘူး"
"ကောအမှားတစ်ခုမှ မရှိဘူးလေ..ဘာလို့ ဒီလိုမျိုး ခံနေမှာလဲ.."
"အင်း..အမှားတဲ့လား ဒီပြဿနာတွေဖြစ်လာတာ ဘယ်သူ့အမှားကြောင့်မှမဟုတ်ဘူး လုလု..ဘယ်လိုအခြေအနေတွေကြောင့် အေးစက်မှုရသွားတဲ့ အိမ်ထောင်ရေးဖြစ်သွားမှန်းလည်း ကောမသိဘူး လုလု..သူပျော်တာကိုပဲလုပ်ပါစေ"