4

813 44 24
                                    

At 8:00 AM

"မောင်.."

"အင်း.."

"ရုံးသွားတော့မှာလား"

"အင်း"

"ဟို..‌ဒီနေ့ငါ ယွိပင်းတို့နဲ့ချိန်းထားတာရှိတယ်..အဲ့တာငါ"

"အင်း...ညနေ 5နာရီခွဲ ပြန်လာခဲ့.."

"ဟုတ်မောင်..ငါညနေ 5နာရီမခွဲခင်ပြန်လာခဲ့မယ်"

"‌အင်း"

ရှောင်ကျန့်သည် ပုံမှန်ဆို ရိပေါ်၏ကားသော့ကိုယူသွားလေ့ရှိသည်..သူငယ်ချင်းတွေနဲ့အပြင်သွားဖြစ်တာကြောင့် ရိပေါ်၏ B.M.W Car ၏ သော့ကို ဧည့်ခန်းရှိစားပွဲပေါ်တွင်တင်ထား၍ ထွက်သွား‌လေသည်။

"လုလု..တီရာ ကောအပြင်သွားအုန်းမယ်"

"ဟုတ်ကဲ့ကော.."

ရိပေါ်သည်အပေါ်ထပ်ကနေ အောက်ထပ်သို့ဆင်းလာကာ ဧည့်ခန်း၏ရှေ့တွင် ခဏကြောင်၍ရပ်ကကြည့်နေမိသည်။

"ဟင်!?‌ဒါက ငါရဲ့ကားသော့ပဲ..မောင်ထားခဲ့တာထင်တယ်ရော်..ဘာပဲဖြစ်' မောင်ထားခဲ့တာဆိုတော့ စီးလည်းဘာမှမဖြစ်ပါဘူး"

ရိပေါ်လည်းကားဂိုဒေါင်ထဲကားကို ထုတ်ခါ ယွီပင်းတို့နှင့်ချိန်းထားသည့်နေရာကိုထွက်လာခဲ့သည်..။

____________

"CEO Xiao"

"အင်း"

"ကျတော် သမီးနဲ့ဘယ်ချိန်လက်ထပ်မလဲဗျ"

"လူကြီးမင်းလီ..ကျတော်မှာအိမ်ထောင်ရှိတယ်ဆိုတာ မသိဘူးလား"

"သိပါတယ် CEO Xiao"

"ဒါဆို ဘာကြောင့်လက်ထပ်မဲ့ကိစ္စကိုပြောရတာလဲ လူကြီးမင်းလီ.."

"အိမ်ထောင်ရေး အဆင်မပြေဖြစ်နေတယ်ကြားလို့ပါ"

* ဝုန်း *

ရှောင်ကျန့်သည် ထိုစကားသံကြောင့် စားပွဲအားလက်ဖြင့်ရိုက်ကာမတ်တပ်ရပ်၍ စကားဆိုလေသည်။

"ကျတော်တို့အိမ်ထောင်ရေးအဆင်ပြေတာမပြေတာကျတော်တို့ ကိစ္စပါ!လူကြီးမင်းလီ ဝင်ပါဖို့မလိုအပ်တဲ့ပြဿနာပါ..ကျတော်တို့အိမ်ထောင်ရေးအဆင်မပြေလည်း ကျတော်တို့ညှိယူလို့ရပါတယ်..ကျတော်ဘဝမှာ ဝမ်ကလွဲပြီးဘယ်သူကိုမှထပ်ပြီး လက်ထပ်တော့ဘူးဆိုတာ သိပေးထားပါ လူကြီးမင်းလီ"

LAST TIME Where stories live. Discover now