One(Unicode)

2.3K 132 8
                                    

မိုးစက်တွေဟာ နေမင်းကြီးကို ဖြတ်ကျော်ကာ မြေပြင်ပေါ်သို့ သက်ဆင်းလျက်ရှိသည်။သည်းကြီးမည်းကြီးရွာနေသည့်မိုးမဟုတ်ပဲ အနည်းငယ်မျှသာကျဆင်းနေသည့် မိုးရေစက်အချို့။လှပတဲ့မိုးရေစက်လေးတွေ။ကျေးငှက်အပေါင်းတို့၏အသံသည်လည်း သာယာလို့နေသည်။ကျဆင်းနေသည့် မိုးရေစက်တွေကို အခန်းပြတင်းပေါက်မှ လက်ကလေးနဲ့ ယူပြီး ဆော့ကစားနေတဲ့ အမျိုးသမီးငယ်လေး။အသက်က ၂၂နီးပါးသာဆိုသည် ကလေးဆန်သည့်အပြုအမူတွေက အပြည့်အဝ ရှိနေဆဲ။အသားလည်းဖြူပြီး မျက်နှာသည်လည်း အပြစ်ပြောစရာမရှိအောင်လှပတဲ့ မိန်းမငယ်လေး။ခန္ဓာကိုယ်သည်လည်း သွယ်လျလျ။နီညိုရောင်ဆံပင်လေးနဲ့ လိုက်ဖက်နေတဲ့အမျိုးသမီးငယ်လေး။နာမည်ကလည်း အများနဲ့မတူပဲ ထူးခြားသည့်နာမည်မျိုး။နာမည်အရင်းက သွန်းအက္ခရာဖြစ်ပြီး မိတ်ဆွေသူငယ်ချင်းတွေကတော့ သွန်းလို့သာ ခေါ်သည့်ကောင်မလေး။

"သွန်းရေ သမီး မနက်စာစားစို့"

      အခန်းအပြင်က မိခင်၏ခေါ်သံက မနက်တိုင်းမှာ ဝေဆာလို့နေသည်။သွန်းဟာ တစ်ဦးတည်းသော သမီးဖြစ်တာကြောင့် မိဘများ၏အချစ်တွေကို အပြည့်အဝရထားတဲ့ကောင်မလေး။ချစ်ခြင်းမေတ္တာတင်မကပဲ စည်းစိမ်ဥစ္စာပါကြွယ်ဝတဲ့ မိန်းမငယ်လေး။

"ဟုတ် လာပြီမေမေ"

      သွန်းအောက်ထပ်ကို ဆင်းလာတော့ ထမင်းစားခန်းထဲမှာ ဖခင်ရော၊မိခင်ပါရှိလို့နေသည်။ဘေးနားက ခုံမှာ သွန်းဝင်ထိုင်လိုက်ပြီး ကော်ဖီငှဲ့နေစဉ်

"သမီး ဒီနေ့ Hotelကို လာကြည့်မယ်မလား"

     သွန်း၏ဖခင် ဦးကျော်လွင်ထွန်းမှာ Famous Hotel ပိုင်ရှင်ဖြစ်သည်။သွန်းသည် ဖခင်ဖြစ်သူ၏ လုပ်ငန်းမှာ ဦးစီးရတော့မည့်သူပင်။ဒီအလုပ်တွေကို သွန်း ဝါသနာပါ ပါသည်လေ။

"ဟုတ် သမီးလာကြည့်မယ်လေ"

"မေမေ့သမီးလေး အလုပ်ကိုသေချာလေ့လာနော်"

"စိတ်ချပါမေမေရဲ့"

       သွန်းတို့မိသားစုမနက်စာစားပြီးတော့ ဖခင်ဖြစ်သူက ဟိုတယ်ကိုသွားပြီး မိခင်ဖြစ်သူ ကတော့ မီးဖိုချောင်ထဲမှာ စတင်ချက်ပြုတ်လို့နေသည်။သွန်းအခန်းထဲရောက်တော့ ပြင်ဆင်စရာရှိရာများကို ပြင်ဆင်လိုက်သည်။အဖြူရောင်တီရှပ်နဲ့ခဲရောင်style panကိုတွဲဝတ်လိုက်ပြီးကျောလယ်လောက်ရှိတဲ့နီညိုရောင်ဆံနွယ်တွေကို ခပ်မြင့်မြင့်သာ စီးထားလိုက်သည်။အလြှပင်ပြီးတော့ သွန်းအောက်ထပ်ကို ဆင်းလာခဲ့ပြီး

"ခ်စ္မိခဲ့ေသာ"(Short Story)Wo Geschichten leben. Entdecke jetzt