Two(Unicode)

1.1K 113 10
                                    

"ဘယ်လို နင့်မန်နေဂျာကိုကြိုက်နေတယ် ဟုတ်လား"

     နှင်းရဲ့ ခပ်စွာစွာအသံက သွန်းရဲ့ရုံးခန်းတစ်ခုလုံးကိုပင် ဖုံးလွှမ်းလို့သွားသည်။နှင်းဆိုသူကား သွန်းရဲ့ကျောင်းတုန်းက သူငယ်ချင်း နှင်းနန္ဒာပင်။သွန်း သူမရဲ့စိတ်ခံစားမှုတွေကို မထိန်းနိုင်တော့ပဲ သူငယ်ချင်းဖြစ်သူအား ပြောပြလိုက်မိသည်။သို့ပေမဲ့ နှင်း ဆီက ရလိုက်သည်ကား ခပ်ကျယ်ကျယ် အသံတစ်ခုသာ။

"ဟာ တိုးတိုးပြောပါဟ သူများတွေကြားသွားဦးမယ်"

"မကြားပါဘူးဟာ အခန်းကပိတ်ထားတာပဲ ပြောပါဦး နင့်မန်နေဂျာက ဘယ်လိုပုံစံလဲ"

"လှတယ် ယဉ်တယ် ကျက်သရေရှိတယ် ချစ်ဖို့ကောင်းတယ် မျက်နှာလေးကဖွေးဥဥလေး၊မျက်ခုံးမွှေးလေးကတော့ အတော်ထူတ
်ယ်၊တော်တော်လှတယ်ဟာ အရပ်ကတော့မြင့်တယ် ကုန်ကုန်ပြောရရင်သူ့အလှက ပပဝတီတောင်ရှုံးတယ်"

     သွန်း သူမအလှတရားတွေကို စာစီပြီးပြောနေမိသည်။သူမကိုချစ်မိလို့ ဖြစ်လာတဲ့စကားလုံးလှလှတွေ။

"တော်ပါတော့ အသက်ကရော"

"၃၈နှစ် ၃၈ဆိုပေမဲ့ အတော်နုတာဟ ၃၀လောက်လို့ပဲထင်ကြမှာ"

"အမလေး ၃၈တောင်လား"

"နင်မမြင်သေးလို့ပါနော်"

"အေးပါ အေးပါ ဒါနဲ့နေပါဦး နင် ဘယ်တုန်းက ဒီလိုင်းဖြစ်သွားတာလဲ"

"အဲ့လိုမဟုတ်ဘူး ငါလေ သူ့ကို ဘယ်လိုချစ်မိမှန်းမသိဘူး တွေ့တာမကြာသေးပေမဲ့ ငါ့အချစ်တွေကတော့ ခိုင်မာပါတယ်ဟာ ငါချစ်မိသွားမဲ့သူက ယောက်ျားလား မိန်းမလားဆိုတာ ငါကြိုမသိဘူးလေ သူ့ကိုချစ်မိတော့လည်း ဒီလိုဖြစ်သွားတာပေါ့"

"သူ့အကြောင်း နင်ဘာတွေသိလဲ"

"သေချာမသိသေးဘူး ငါစုံစမ်းမှာပါ "

"အေးပါ ချစ်မိတော့လည်း ဘယ်တတ်နိုင်မှာလဲ ချစ်ပေါ့ နင့်ဘွားတော်ကြီးကို"

"ဘာဘွားတော်လဲ"

      သွန်းမကျေနပ်စွာဆိုလိုက်မိသည်။သူမနဲ့ပတ်သက်ရင် သွန်းဘယ်သူ့ကိုမှသည်းခံမည်မဟုတ်။

"ခ်စ္မိခဲ့ေသာ"(Short Story)Where stories live. Discover now