Five(Unicode)

2.3K 178 10
                                    

အချိန်တွေကိုသတ်မှတ်ပေးတဲ့နာရီလက်တံကတော့ အမြဲလှည့်ပတ်နေဆဲပင်။ရာသီတွေလည်း တစ်လှည်စီပြောင်းရွေ့ခဲ့ကြပြီ။အချိန်တွေကုန်သွားပေမဲ့ သူမအပေါ်ထားတဲ့ သွန်းအချစ်တွေက နည်းနည်းမျှပင်မလျော့ပေ။သူမအပေါ်ထားရှိတဲ့မေတ္တာတရားက သဲတစ်ပွင့်ပင်မလျော့ပေ။ထားခဲ့သည့်သူမက ဘာမှမခံစားရပေမဲ့ ကျန်ခဲ့ရတဲ့သွန်းကတော့ ရင်ထဲမှာ တဆစ်ဆစ်နာကျင်နေဆဲပင်။သွန်းနဲ့ဝေးရာအရပ်မှာ အကောင်းဆုံးရှင်သန်နေရဲ့လားဆိုတာ သိချင်ပေမဲ့ သွန်းသိခွင့်မရခဲ့ပေ။ကုန်လွန်သွားခဲ့တဲ့ အချိန်တွေမှာလည်း သူမအကြောင်းကို မည်သို့မျှမသိရ။ဖုန်းဆက်ခဲ့သော်လည်း ဘယ်လိုမျှခေါ်မရခဲ့ပေ။နေနိုင်လွန်းတဲ့ ထိုအမျိုးသမီးအား သွန်းချစ်ခဲ့မိသည်လေ။သူမကိုလွမ်းတိုင်း သူမအငွေ့အသက်တွေရှိခဲ့တဲ့ အိမ်လေးကို သွားကြည့်တော့လည်း သူမထွက်သွားသည့်အချိန်ကလိုပင်။သွန်းမှာ အခုချိန်ထိပင် သူမကို ရူးမိုက်စွာလိုက်ရှာနေသည်မှာ အမြဲလိုလိုပင်။သူမရှိခဲ့ဖူးတဲ့ ဟိုတယ်လေးဟာလည်း အရင်အတိုင်းပင်။သူမနေရာမှာ လူသစ်ရောက်လာတာက လွဲလို့ ဘာမှမပြောင်းလဲပေ။ပြောင်းလဲသည်ကတော့ သွန်းအချစ်တွေပင်၊ပို၍ပင်တိုးလာခဲ့တဲ့ သွန်းအချစ်တွေပင်။သူမမရှိတော့ သွန်းရင်ထဲမှာတော့ ခြောက်သွေ့လို့နေသည်မှာ အချိန်တစ်ခုထိပင်။မသေချာတဲ့ လူတစ်ယောက်ကိုလည်း သွန်းအမြဲမျှော်နေမိသေးသည်။ဒါဟာ ရူးမိုက်ခြင်းများဖြစ်နေမလား။

"အချိန်တွေသာ ကုန်သွားတယ် မမခက်အကြောင်း ဘာမှလည်းမသိရဘူးနော်"

ချမ်းပြောတာ ဟုတ်ပါသည်။အချိန်တွေသာ တရိပ်ရိပ်နဲ့ ကုန်သွားခဲ့သည် သူမအကြောင်းကိုတော့ မည်သူမျှမသိရပေ။ထိုအမျိုးသမီး ဘယ်ဒေသမှာနေပြီး ဘာတွေလုပ်နေသလဲ။

"အန်တီက အရမ်းနေနိုင်တာပဲလို့ အမြဲတွေးမိတယ် ဒါပေမဲ့ အခုလိုလုပ်သွားတဲ့ အန်တီ့ကို သွန်းအပြစ်မတင်ရက်ပါဘူး"

"မမခက်က သူဘာပဲဖြစ်ဖြစ် သွန်းက လက်ခံတယ်ဆိုတာကို ထွက်သွားခဲ့တာနော်"

"သွန်းလေ လူ့တစ်ယောက်ကို အဆုံးစွန်ထိ မချစ်ဖူးဘူး ဒါပေမဲ့ အန်တီ့ကိုတော့ အဆုံးစွန်ထိချစ်တယ် အန်တီဘာပဲဖြစ်ခဲ့ပါစေ သွန်းလက်ခံနိုင်တယ်"

You've reached the end of published parts.

⏰ Last updated: Sep 21, 2023 ⏰

Add this story to your Library to get notified about new parts!

"ခ်စ္မိခဲ့ေသာ"(Short Story)Where stories live. Discover now