ဂျွန်Parkအိမ်တော်ကြီးသ်ို့ရောက်ခဲ့ပြီး၂ပတ်မျှအကြာ။
ဆွေးဆွေးမြေ့မြေ့မနက်ခင်းတစ်ခုပေါ့။
ဘယ်တော့မှအငွေ့အသက်မကောင်းခဲ့တဲ့
အိမ်တော်ကြီးမှာ လန်းဆန်းတဲ့မနက်တွေဆိုတာ
ဘယ်တုန်းကမှမရှိခဲ့ဖူးဘူး။အပြစ်မဲ့ခြေဖဝါးလေးတွေဖြတ်နင်းဝင်
သွားပြီးထဲက ထိုကလေးလေးရဲ့နှလုံးသားနာကျင်
မှုတွေကြောင့်အရင်ကထက်အငွေ့အသက်တွေပိုဆိုး
ခဲ့သည်။"ကျန်းမာရေးပိုဆိုးလာတယ်ဆိုရင်
ထပ်ထောက်ပံ့ပေးလိုက်သူ့ကလေး
ငါတို့ကိုပေးထားတာ တာဝန်တော့ရှိတယ်Kim
မြေးက Jungkookကိုရက်နည်းနည်းကြာလာရင်
ရိုးသွားလိမ့်မယ်ထင်တာထင်သလိုမဖြစ်လာခဲ့ဘူး"သခင်မကြီးသည်အခက်တွေ့နေသလိုဟန်ရှိနေသည်။
"သခင်လေးကအမြဲတမ်းကစားဖော်မရှိခဲ့လို့ထင်တယ်"
"အင်း.....စ်ိတ်ချမ်းသာပျော်ရွှင်နေတယ်ဆိုရင်
ရပါပြီ သူ့ထက်ဒီအိမ်မှာအရေးကြီးတာဘာမှမရှိဘူး
မြေးငယ်လေး အနားသေသေချာချာခယပြုစု
နိုင်ရင် စာချုပ်စာတမ်းနဲ့မွေးလိုက်သင့်ရင်လည်း
မွေးတာပေါ့....ဒါပေမယ့်မြေးငယ်ကဘာတွေပြောင်းလဲ
လာဦးမလဲမှမသိဘူး...""မွေးစားတာကလွယ်ပါ့မလား သခင်မကြီး..."
"ဘာခက်လို့လဲ...ငွေပဲပေါ့...."
ဦးလေးKimသည်ခေါင်းကိုသာရိုရိုသေသေ
ငြိမ့်ပြလာခဲ့သည်။Jungkook ဆိုတဲ့ကလေးလေး
အိမ်ကိုရောက်လာခဲ့တယ်။
သူကကျွန်တော့်လိုခြံထဲကအရေးပါအလုပ်သမား
တွေနေရတဲ့အဆောင်လိုနေရာမှာနေရတာမဟုတ်ဘူး။
အိမ်တော်ကြီးထဲမှာပဲနေရတယ်။စရောက်တဲ့နေ့ထဲကငိုယိုကာပြေးထွက်လာတိုင်း
အိမ်တော်ထဲကလူတွေဖမ်းချူပ်ကာအိမ်ထဲ
ပြန်ဆွဲထည့်သွားတဲ့မြင်ကွင်းတွေကိုကျွန်တော်
ညနေစောင်းစာကျက်တိုင်းမြင်ခဲ့ရတယ်။
သိပ်သနားစရာကောင်းခဲ့တာ။
ကြာကြာပြုပြုမကြည့်နိုင်ခဲ့ဘူး။ကိုယ်တောင်မရုန်းနိုင်တာ အဲ့ဒီကလေးဆိုတာ
အဝေးဆုံးမှာ....။အပြင်ပန်းမှာသာလှပြီး
အတွင်းပိုင်းတွေမှာအတ္တတွေနဲ့ရုပ်ဆိုးအကျည်းတန်
နေတဲ့အိမ်တော်ကြီးမှန်းဘယ်သူမှလည်းမရိပ်မိခဲ့။
မကောင်းဘူးဟုမသတ်မှတ်ခဲ့ကြတာလည်း
ငွေကြောင့်တစ်ခုထဲကြောင့်ပါပဲ။