🔥9🔥(Part1)

6.4K 1K 241
                                    

"ဘာလို့ ဖေဖေ မေမေ ဖွားဖွားကြီးနဲ့အတူတူမနက်စာ
စားလ်ို့မရတော့တာလဲ မေမေဘာလို့ဖေဖေ့ကို
အမြဲတမ်းရန်ရှာနေတာလဲ ကျွန်တော်လာကြည့်တိုင်း
မှာ ဘာလို့ရန်တွေပဲဖြစ်နေကြတာလဲ!!!!!..."

အမြဲလိုလိုမျက်နှာချင်းဆိုင်တာနဲ့
ရန်ဖြစ်နေကြသောParkသခင်ကြီးနှင့်
သခင်မတို့၏အိပ်ခန်းထဲပြေးဝင်လာကာ
အော်ဟစ်လိုက်သော Parkသခင်လေး၏
အသံသည်ကျယ်ကျယ်လောင်လောင်။

ဘယ်လောက်သန်မာတဲ့ကလေးဆ်ိုပါဦး
မိဘတွေရန်ဖြစ်တာကိုခံနိုင်ရည်ရှိတဲ့ကလေး
ဆိုတာလည်းကမ္ဘာပေါ်မှာမရှိတာသေချာသည်။
ကလေးအများစုဟာကြောက်၍
နား၂ဖက်ပိတ်အခန်းတံခါးပိတ်ကာ
မတတ်နိုင်၍ငြိမ်ပစ်လိုက်ရခြင်းမျိုးတွေပဲ။

Parkသခင်လေးအနည်းငယ်ကွဲပြားသော
ကလေးမို့သာ ထပ်ခါ ထပ်ခါနေ့တိုင်းဆိုးဆိုးဝါးဝါး
ဖြစ်လာတော့ သူမခံစားနိုင်တော့၍ မကျေနပ်တော့၍
အော်ဟစ်နေသောမိဘတွေအခန်းထဲပြေးဝင်လာ
ခြင်းဖြစ်သည်။

"Jimin ကိုယ့်အခန်းကိုယ်ပြန်စမ်း!!!!"

အမေဖြစ်သူ၏အော်ဟစ်မှုကြောင့်လန့်သွား
ခြင်းတွေတော့မရှိနေ။စိတ်ရှုပ်ရရင်မဖြစ်ဘူး။
သူတို့ရန်ဖြစ်ခြင်းသည်ကြည်လင်နေသော
စ်တ်တွေကိုနေ့တိုင်းအများကြီး
အနှောက်အယှက်ဖြစ်လွန်းပါ၏။

"မေမေတ်ို့ ရန်မဖြစ်တော့ဘူးဆိုမှပြန်မယ်
ကျွန်တော် စ်ိတ်တွေရှုပ်လို့ ဘယ်လိုမှနေလို့မရဘူး!!.
အသက်ရှုရခက်လာပြီ!!!.."

ကြားရခဲသောအက်ကွဲသံ။ကလေးတစ်ယောက်
မလို့ ကလေးတွေနည်းတူသူဝမ်းနည်းနေပုံရပါသည်။

"Jungkook ရှိတယ်မလား သွားကစားနေလေ
လိုချင်တယ်ဆိုလို့ မေမေနဲ့အဖွားက
ယူပေးခဲ့တာပဲသွားဆော့နေသွား"

"မဆော့နိုင်ဘူး...."

"မြင်လား အမေတစ်ယောက်ဖြစ်နေပြီး
မင်းအလိုလိုက်မြှောက်ပင့်ထားတာ
ဘယ်သူ့မှမနိုင်တော့ဘူး ကောင်းတယ် ....."

"ကလေးတစ်ယောက်ရဲ့အစအဆုံးကလေ
အမေတစ်ယောက်အပေါ်မှာပဲမူတည်မနေဘူး
အဖေမှာလည်းတာဝန်အပြည့်ရှိတယ်
တစ်ခုခုဆို အမေတစ်ယောက်ဖြစ်နေပြီးလို့
အပြစ်တင်တာမျိုးကရူးနှမ်းနေလို့ပဲ..."

NERVEUX WINEWhere stories live. Discover now