Part 37

3.1K 168 0
                                    

Uni

ဂုဏ်ကျက်သရေစံအိမ်၏ဆင်၀င်ရှေ့ကားရပ်လိုက်သည်နှင့်အရင်ကလိုတိတ်ဆိတ်နေမြဲအနေအထားကကြိုဆိုနေသည်...။

အိမ်ထဲ၀င်လိုက်သည်နှင့်ဧည့်ခန်းမှာကောင်းကင်ကသတင်းကြည့်နေလေ၏...။မိမိအားမြင်သည်နှင့်ခါတိုင်းလိုပင်မျက်နှာတည်သွားကာမမြင်ယောင်ဆောင်ဟန်ဖြင့်မျက်နှာလွှဲနေသည်...။

ဒုတိယအထပ်ဆီတက်ဖို့ပြင်တော့ရေပတ်တိုက်သည့်ရေဇလုံကိုင်ကာမာန်တင့်တို့လဲလျောင်းရာအခန်းထဲမှထွက်လာသည့်ထက်ခကိုမြင်သည်နှင့်မပွင့်တပွင့်ပြုံးပြကာမေးလိုက်သည်...။

"တိုးတက်မှုအခြေအနေရှိလား ထက်ခ.."

"အခုထိတော့အရင်လိုပါပဲလေးလေးမျိုး...အသက်ရှူနေသေးတာပဲကျေးဇူးတင်ရမယ် အဖေရှိသေးတယ်ဆိုပြီးအားတင်းနေရတာလေ...ဂုဏ်အထဲမှာရှိတယ်လေးလေးမျိုး နည်းနည်းတော့မျက်စိနောက်မယ် ဝေယံအစောကတည်းကရောက်လာတယ်လေ.."

အခန်းထဲဆီမျက်စပစ်ပြကာထိန်းလို့မနိုင်ဟန်ဖြင့်စစနောက်နောက်ပြောပြီးလက်ထဲမှရေဇလုံကိုမြှောက်ပြကာခွင့်တောင်းပြီးအောက်ထပ်ဆီဆင်းသွားလေသည်...။

Tနိုင်ငံကိုမိတ်ဆွေတစ်ယောက်၏မင်္ဂလာပွဲတက်ဖို့သွားရာမှရုံးခွဲ၌ခန့်တီထူးကိုတွေ့လိုက်ရသည်မို့Mနိုင်ငံ၏ဂုဏ်ကျက်သရေစံအိမ်၌တစ်ခုခုထူးခြားနေသလားမင်းထက်မျိုးသံသယ၀င်မိ၏...။

ခန့်တီထူးသည်မိမိလွတ်ထားသည့်စပိုင်မှန်းဂုဏ်သိရင်လည်းသိမည် သိချင်မှလည်းသိမည်...။

သို့ပေမယ့်ခန့်တီထူးသည်လည်းဂုဏ်ကချော့ခိုင်းရင်ဘာပြောပြောခေါင်းသာငြိမ့်ပြီးလက်ခံမည့်သူဖြစ်တာကြောင့်ဘယ်ပဲသွားခိုင်းခိုင်းလည်းအမေးအမြန်းမရှိသွားပေးမည်မှာဧကန်မုချပင်...။

ထို့ကြောင့်မိမိကိုယ်တိုင်ချက်ချင်းပြန်လာကာထူးခြားမှုတို့အားအကဲခတ်ရခြင်းပင်...။

ပြန်မလာခင်ဟန်သာထူးဆီကိုလည်းဆက်သွယ်ကြည့်တော့ပင်လယ်ဘက်ဆီမိသားစုလိုက်အနားယူရောက်နေကြောင်းထိုနေရာမှာအခြေချတော့မည်ဖြစ်ကြောင်းပြောလာသည်မို့စိတ်အေးရသည်...။

အသျှင်ဆွတ်ခူးအံ့သော် (Completed)Where stories live. Discover now