အခန်း (၁၅)

707 95 0
                                    

နူးညံ့လှတဲ့သီချင်းဆိုသံက တစ်ဖက်ဖုန်းကောလ်ကနေ ပျံ့လွင့်လာခဲ့သည်။ 

ထိုသီချင်းက ရုပ်ရှင်ဧကရာဇ်ကြီးငယ်ငယ်ကတည်းက သူ့အမေဆိုပြခဲ့ဖူးသည့် သီချင်းဟောင်းတစ်ပုဒ်ဖြစ်သည်။ သူ အဲ့သီချင်းကို ကြိုက်ခဲ့တယ်ဆိုတာကို သူဘယ်သူကိုမှ မပြောပြဖြစ်ခဲ့ဘူး။ ကြည့်ရတာ သူအရင်တုန်းက စိတ်ရောဂါကုဆရာဝန်ကို ပြောပြခဲ့ဖူးတယ်ထင်တယ်။

 စိတ်ရောဂါကုဆရာဝန်က သူ့အမေဆိုပုံနဲ့ အလွန်ကွဲပြားစွာ ဆိုပြနေတယ်။ မိန်းဆန်သောချိုသာမှုတွေ မရှိပေမဲ့လည်း တခြားသော ခံစားချက်တွေ ပါဝင်နေသည်။

ဘယ်လိုခံစားရသလဲဆိုတာကို ရုပ်ရှင်ဧကရာဇ်ကြီး မပြောပြတတ်ပေမဲ့ သေချာတာတစ်ခုက သူအရမ်းကြိုက်တယ်ဆိုတာပါပဲ။

သူ သီချင်းနားထောင်ရင်း အိပ်ပျော်သွားတော့သည်။


...................









ရုပ်ရှင်ဧကရာဇ်ကြီး ဦးနှောက်ပျက်သွားပြီ || ဘာသာပြန်Where stories live. Discover now