[ နောက်ကြောင်းပြန်ခြင်း - ပြီး ]

267 46 0
                                    

၄၅။

"အားနင်.. ကျွန်တော်..."

စုန်နဉ်ကိုကြည့်နေသည့် လျန်ရုန်၏မျက်နှာမှာ အနည်းငယ်ရဲနေပြီးတော့ ပြောစရာစကားပျောက်ရှနေသည့်ပုံပင်။

သူ့တွင် ထိုကြီးမားသောခံစားချက်ကြီးက လွှမ်းမိုးခြင်းခံနေရတာကြောင့် သူ၏ခန္ဓာကိုယ်တစ်နေရာမှ ခုန်လှုပ်နေသည်မှာ အရင်ကတစ်ခါမှမခံစားဖူးခဲ့ပါချေ။

သို့သော်လည်း လျန်ရုန်ရှေ့တွင် ဒီလိုဖြစ်နေလို့မရပါချေ။ ထို့ကြောင့် အတွေ့အကြုံရှိဖူးသည့်ယောက်ျားတစ်ယောက်အနေဖြင့် အသွင်ဖန်တီးလိုက်ကာ ပြောလိုက်၏။ "အဆင်ပြေပါတယ်... ဒါက သာမာန်ရုပ်ပိုင်းဆိုင်ရာတုံ့ပြန်မှုပဲလေ"

လျန်ရုန်က ဆက်မေးလိုက်သည်။ "ဒါဆို.. ကျွန်တော်.."

စုန်နဉ်က အသက်ဝဝရှူပြီး စိတ်ပိုင်းဆိုင်ရာကို ပြင်ဆင်ထားပြီးပြီဖြစ်၏။ သူ ခေါင်းငြိမ့်လိုက်ပြီး လျန်ရုန်၏လည်ပင်းကို ချိတ်ဆွဲကာ ပြင်းပြင်းရှရှအနမ်းတစ်ခုကို စတင်လိုက်တော့သည်။

သို့သော်ငြား လျန်ရုန်ထံမှ တွန်းထုတ်ခြင်းခံလိုက်ရတော့သည်။

"မဟုတ်ဘူး။ ကျွန်တော်က လူကြီးမဖြစ်သေးဘူးလေ" သူက နာကျင်စွာပြောလာ၏။

သူဟာပြောရင်းဖြင့်  စိတ်ဆန္ဒပင်လယ်ထဲတွင် နစ်မြောနေသည့် စုန်နဉ်ကို နောက်တွင်ချန်ထားခဲ့ရင်းဖြင့် အိမ်သာထဲသို့ အလျင်အမြန်ပြေးဝင်သွားတော့သည်။


၄၆။

စုန်နဉ်က ထို့နေ့လည်ခင်းတစ်နေ့လုံး လျန်ရုန်ကိုအဖက်မလုပ်ပါချေ။ သူမထွက်သွားခင် လျန်ရုန်က အနောက်ကနေလိုက်လာပြီး သူ့အမှားကို လာဝန်ခံ၏။ "ကျွန်တော် တောင်းပန်ပါတယ်.. အားနင်.. ကျွန်တော် စိတ်မထိန်းနိုင်လို့ ဖြစ်သွားရတာပါ။ နောက်ဆို ကျွန်တော်မလုပ်တော့ပါဘူးနော်"

ထိုစကားကြောင့် စုန်နဉ်မေ့လဲသွားတော့မလိုပင်။

ညအချိန်ရေချိုးသည့်အခါတွင် စုန်နဉ် ရေချိုးခန်းထဲတွင် နည်းနည်းကြာကြာနေကာ သူ့ကိုယ်သူထုတ်လွှတ်ရန် ကြိုးစားနေ၏။ သူအထွတ်အထိပ်ရောက်ခါနီးသည့်အချိန်တွင် လျန်ရုန်၏မျက်နှာပေါ်လာခဲ့သည်။

ရုပ်ရှင်ဧကရာဇ်ကြီး ဦးနှောက်ပျက်သွားပြီ || ဘာသာပြန်Where stories live. Discover now