[ နောက်ကြောင်းပြန်ခြင်း ]

564 70 1
                                    

၁၂။

နောက်နေ့ စုန့်နဉ်ရောက်လာတော့ ဗီလာအပြင်ဘက်မှာ အမျိုးမျိုးသောပါဆယ်ထုပ်တွေကို တွေ့လိုက်ရသည်။ သူတို့တွေဟာ အပြေးလေ့ကျင့်စက်နှင့် စက်ဘီးနင်းစက်တို့ဖြစ်ပြီး လျန်ရုန်မှာထားသည့်အရာများဖြစ်ကြပေသည်။

လျန်ရုန်က ငွေရောင်ဖျော့ဖျော့ပိုးသားညဝတ်ဘောင်းဘီကိုဝတ်ထားပြီး တံခါးပေါက်ဝတွင် ပစ္စည်းပို့သူများသွားချည်လာချည်လုပ်နေကြသည်ကို မတ်တတ်ရပ်ကြည့်နေခဲ့သည်။ သူ့မျက်နှာက နည်းနည်းလေးစိတ်မကျေနပ်နေပုံပေါ်သည်။

စုန့်နဉ်က အပြုံးလေးဖြင့်သွားစလိုက်သည်။ "အခုကစပြီး လေ့ကျင်ခန်းတွေအများကြီးလုပ်ရတော့မယ်"

လျန်ရုန်က သူ့ကိုအကြည့်တစ်ချက်ပေးလိုက်ပြီး အိမ်ထဲသို့ဝင်သွားသည်။ သူလမ်းလျှောက်ရင်းဖြင့် ပြောလာ၏။ "မလိုပါဘူး။ ကျွန်တော့်မှာ ကုမ္ပဏီ gym ရဲ့ VIP ကတ်ရှိတယ်"

စုန့်နဉ်အေးခဲသွားရပြီး တကယ့်လျန်ရုန်အစစ်နေ့ဆိုတာကို သတိထားမိသွားတော့သည်။

၁၃။

စုန့်နဉ်က အခွင့်ကောင်းယူလိုက်ပြီး ဒီအတောအတွင်း သူ့ရောဂါ၏အခြေအနေကို တင်ပြလိုက်သည်။

လျန်ရုန်က ကော်ဖီနှစ်ခွက်ဖျော်လိုက်ကာ ဆိုဖာကိုမှီရင်း ပြောသည့်စကားများကို တိတ်ဆိတ်စွာနားထောင်နေသည်။ ပြောလို့ပြီးသွားသည့်အချိန်တွင် သူမေးလိုက်သည်။ "ဒီကုသမှုနဲ့ပတ်သက်ပြီး ဘယ်လောက်ထိယုံကြည်ချက်ရှိလဲ"

" ၈၀ ရာခိုင်နှုန်းလောက်"

လျန်ရုန်ကခေါင်းညိတ်ကာ "ဒါလိုလည်း ဒေါက်တာစုန့်ရဲ့အကူအညီကိုပဲ အားကိုးရတော့မှာပေါ့"

စုန့်နဉ်မှာ ရှက်ရွံ့သည့်အပြုံးတစ်ခုဖြစ်ပေါ်လာရတော့သည်။

အမှန်တိုင်းပြောရရင် ဒီရက်ပိုင်းအတွင်း ရှောင်လျန်နဲ့အချိန်အများကြီးကုန်ဆုံးခဲ့ရတော့ ရုတ်တရက် ဒီလိုမျိုးနူးညံ့သိမ်မွေ့သည့် ရုပ်ရှင်ဧက္ကရာဇ်ကြီးကို မျက်နှာချင်းဆိုင်ဖို့ရာ မဝံ့မရဲဖြစ်နေမိသည်။

များသောအားဖြင့် ဒီလိုမျိုး DID ရောဂါရှိသည့်လူနာတွေ၏စိတ်ဟာ မတူညီသည့်စရိုက်နှစ်ခုကွဲထွက်နေတတ်သည်။ ဒီမှာဆိုလည်း လျန်ရုန်က ထိုဥပမာဖြစ်သည်ဟု စုန့်နဉ် သူ့ကိုယ်သူတွေးနေမိသည်။

ရုပ်ရှင်ဧကရာဇ်ကြီး ဦးနှောက်ပျက်သွားပြီ || ဘာသာပြန်Où les histoires vivent. Découvrez maintenant