Part-2

4.2K 436 61
                                    

(Unicode)

ဆေးရုံထဲဝရုန်းသုန်းကားပြေးဝင်လာသည့် Jungkook

"Taehyung!Kim Taehyung!"

နာမည်အော်ခေါ်ရင်းတစ်ယောက်တည်းဗျာများနေသည်။
တံခါးကိုဆွဲအဖွင့် တွေ့လိုက်ရသည်က Taehyung ၏ ဖခင်ပင်။
ဘေးတွင်တော့သူ့ရဲ့မိခင်ကအတူရှိနေသည်။

အခန်းထဲက ကုတင်ပေါ်ကြည့်မိတော့ Taehyung ကရှိမနေ။
ရင်ထဲထိတ်ခနဲပင်။စိတ်ထဲမကောင်းတာတွေကတွေးမိပြန်တယ်။သူတစ်ခုခုဖြစ်သွားပြီလား။

"Taehyung ရော"

"ရှိတယ် အထူးခန်းပြောင်းထားတယ်"

"ဘာဖြစ်တာလဲ"

"ကမာပါတာစားမိလို့"

"သူနဲ့ပင်လယ်စာမတည့်တာမသိကြဘူးလား!အမေတို့တွေဘာလုပ်နေကြလို့လဲ။အိမ်မှာသေချာစစ်ကြည့်မှပေါ့။သူတစ်ခုခုဖြစ်သွားရင်ဘယ်လိုလုပ်မလဲ"

Jungkook ဒေါသထွက်နေသည်။
Taehyung ကပင်လယ်စာနဲ့ပတ်သတ်တာလုံးဝစားလို့မရ။အသက်စေနိုင်သည့် allergies ရှိသည်။

"အဲ့လောက်စိတ်ပူတတ်နေလည်း အိမ်ပြန်လာနေလေ"

Mr.Kim က ဝင်ပြောလေတော့
Jungkook ရယ်သည်။

"ကိုယ့်သားကိုယ်တောင်ဂရုမစိုက်နိုင်လောက်တဲ့အထိဖြစ်နေပြီလား။ဘာလဲ ကျနော့်အမေအနားပဲကပ်နေရလို့ခင်များအချိန်တွေမရှိတော့တာလား"

"သား အဲ့လိုမပြောရဘူးလေ"

ကျနော့်လက်ကိုအမေကလာကိုင်သည်။

"ဖယ်စမ်းပါဗျာ။အမေလည်းအတူတူပဲ။ကျနော့်ကိုဂရုစိုက်နေလို့လား"

Mr.Kim ကိုတစ်ချက်ကြည့်ကာ

"အခုသက်သာပြီမလား"

"နည်းနည်းပဲစားမိထားလို့ သက်သာနေပြီ"

အခုမှပဲအသက်ကိုသေချာရှူနိုင်တော့သည်။သူသာတစ်ခုခုကြီးကြီးမားမားဖြစ်နေရင်ကျနော်ရူးရချည်ရဲ့။

လှည့်ထွက်လေတော့

"ရန်ဖြစ်တာလျော့။ငါ့သားမျက်နှာက ရစရာမရှိဘူး။မင်းအလျော့ပေး"

"သူ့ကိုသာအရင်ရန်မစစေအောင်ထိန်းလေ"

စိတ်ကထိန်းမရ။ပြန်လှည့်ကြည့်ရင်း

Be My Valentine(Completed)Donde viven las historias. Descúbrelo ahora