Part-16

3.1K 312 36
                                    

(Unicode)

Mera Club အရှေ့အားကြိုးမာန်တက်ရပ်နေသည့် သူတို့သုံးဦး။
ရောက်လာတော့ ခေါ်တဲ့သူကရှိမနေခဲ့။
ဖုန်းဆက်ကြည့်တော့လည်းမကိုင်။
Johwa တစ်ယောက်လည်း Club မှာပဲရှိလိမ့်မည်လို့သာတွေးမိသည်ပင်။

Haru ကိုလည်းစိတ်ပူမိသည်။
သူကဘာလို့ ဒီလိုနေရာကိုရောက်လာလည်းမသိ။

"ကိုကိုအရင်သွားမယ်"

Hosoek မှတက်ကြွစွာပြောလေသည်။
Jungkook နှင့် Taehyung မှာတက်တက်ကြွကြွပင် ခေါင်းငြိမ့်ကြသည်။

"ကျနော်တို့လည်းလိုက်မယ်လေ"

"လိုက်မရဘူး။ကိုကိုပဲသွားမယ်။
ပိစိလေးတို့က ငယ်လွန်းတယ်။ဒီလိုနေရာနဲ့မအက်စပ်ဘူး"

ပြောပြီးတာနှင့်အရှေ့ကနေအရင်ဦးဆောင်ရင်းဝင်သွားတော့ Hosoek ကိုအစောင့်တွေကစစ်သည်။

"မှတ်ပုံတင်ပါလား"

"မပါဘူး"

"မပါရင်လစ်"

အကျပ်ရိုက်သွားရ၏။
ပိစိလေးအမြန်ဆွဲခေါ်တာကြောင့် မှတ်ပုံတင်ကိုယူဖို့သတိပင်မထားမိခဲ့။
ပိုက်ဆံပေးပြီးဝင်ခွင့်တောင်းရင်လည်းမဖြစ်။ပိုက်ဆံအိတ်ကလည်းမပါပြန်။

"မင်းတို့ Club ပိုင်ရှင်ကို စကားပါးပေးလိုက်။အသက်မပြည့်တဲ့ကလေးတစ်ယောက်ကိုတရားမဝင်ခေါ်ထားတယ်ရင် ဂျေးအောင်းရမယ် လို့"

ထိုစကားကြောင့်တစ်ဖက်က လုံခြုံရေးမှာ ထိတ်လန့်သွားသလိုပင်။တုန်လှုပ်နေလျက်။

ခန ဟုဆိုကာ အထဲဝင်သွား၏။
ကြည့်ရပုံထောက်ရင် Hosoek စကားကို Club ပိုင်ရှင်ထံ အမှာတော်ပါးနေပြီထင်ရသည်။
သူလည်းကြောက်ကြောက်နှင့်သာခြိမ်းခြောက်လိုက်ရတာ သူကိုယ်တိုင် ထိုလုံခြုံရေးကိုခပ်လန့်လန့်။
လူကောင်က သူ့နှစ်ကိုယ်စာလောက်ထွားနေလို့ပင်။

Taehyung နှင့် Jungkook Hosoek အနားရောက်လာသည်။
အကျိုးအကြောင်းသူတို့လည်းသိချင်နေသည်။

"ဝင်ခွင့်မပြုဘူးလား "

"မသေချာဘူး။ခြိမ်းတော့‌ခြောက်လိုက်တယ်"

"ဝိုးးး ကိုကိုကမိုက်လိုက်တာ"

ချီးကျူးသံကြောင့်  Jungkook သဝန်တိုသွားသည်ထင်ပ။ မျက်နှာတစ်ဖက်လွှဲကာ ပြောသည်။

Be My Valentine(Completed)Where stories live. Discover now