16 Zawgyi

125 6 0
                                    

" ရပြီ "

ထိုင်ခုံမှာ စတိုင်ကျကျထိုင်နေသည့် ချစ်လှစွာသော Baekhyun သေးသေးလေးသည် ကော်ဖီလာချပေးတဲ့ Chanyeol ကို မော့ပင်ကြည့်မလာပဲ မသိချင်ယောင်ဆောင်နေတော့သည် .

ရှေ့တစ်ပတ် သူ့မေမေတို့အိမ်ကို အတူသွားပြီးကတည်းက သူ့ကိုအိမ်မှာ မခေါ်ထားချင်တဲ့ သူနဲ့ စကားမပြောတော့ဘူးဆိုကာ အခုထိကို စိတ်ဆိုးမပြေနိုင်ပဲ ကောက်နေနိုင်လွန်းတဲ့ သေးသေးလေးဖြစ်သည် .

" ဘာလဲ ရန်ဖြစ်ထားကြတာလား "

" မဖြစ်ပါဘူး သူပဲ စိတ်ကောက်နေတာ "

ဆိုင်က သူငယ်ချင်းတွေကလည်း Baekhyun နဲ့ Chanyeol အကြောင်းကို သိပြီးသားဖြစ်တဲ့အပြင် ရံဖန်ရံခါ ဆိုင်မှာလာထိုင်၍ စာလုပ်တတ်သော Baekhyun နဲ့လည်း ရင်းနှီးနေပြီဖြစ်သည် .

" မင်းကစိတ်ကောက်အောင်မလုပ်ရင် Baekhyun ကလည်း စိတ်ကောက်မှာမဟုတ်ဘူးဟေ့ကောင် "

" ငါဘာမှမလုပ်ဘူး "

" ပြောတာပဲ ဘုကလန့်ကောင် "

" အထိုးခံချင်နေတာလား "

" မပြောဘူးဟေး မပြောဘူး "

Chanyeol တစ်ယောက် ရှေ့တည့်တည့် ခပ်လှမ်းလှမ်းမှာရှိနေတဲ့ ဝိုင်းကိုပဲ ကြည့်နေမိတော့သည် . အတတ်နိုင်ဆုံးချော့ပေမယ့်လည်း သူမှ ချော့တဲ့နေရာမှာ ပါရမီပါမလာတာ .

မကြာဘူး . ဆိုင်ထဲဝင်လာတဲ့ KyungSoo နဲ့ Chen ကိုတွေ့တော့ Chanyeol လှုပ်လှုပ်ရွရွဖြစ်လာရသည် . ဒီလူကောင်သေး ဂျပုလေးတွေက Baekhyun အခု ကျောင်းမှာ တတွဲတွဲနဲ့ ရင်းနှီးလာတဲ့ သူငယ်ချင်းတွေဖြစ်သည် . Chen ကတော့ ပြဿနာမရှိပေမယ့် လူပျိုကြီးဘဝနဲ့ အရိုးထုတ်မယ့် KyungSoo ဆိုတဲ့ တစ်ယောက်ကိုတော့ လန့်ရသည် .

အခုလို Chanyeol အိမ်မှာ Baekhyun အတူလာနေတာကို သိသွားတဲ့ရက်ကဆို ငယ်သေးကြောင်း မနေသင့်ကြောင်း ရည်းစားမထားသင့်ကြောင်းနဲ့အတူ Chanyeol က ပလေးနေတာဖြစ်ကြောင်းတွေ နားချလိုက်လို့ ရစ်တုံးလေးဆီကနေ ပြသနာပိစိလေးဖြေရှင်းလိုက်ရသေးသည် . တကယ့်မလွယ်ကြော သူ့သူငယ်ချင်းကို စိတ်ပူတာနဲ့ပဲ ကိုယ့်မှာ သူ anti တာခံနေရတယ် .

𝗜𝘁'𝘀 𝗻𝗼𝘁 𝗼𝘂𝗿 𝗕𝗹𝗶𝗻𝗱 𝗗𝗮𝘁𝗲 ( ᶜᴴᴬᴺᴮᴬᴱᴷ ) ᶜᴼᴹᴾᴸᴱᵀᴱᴰOpowieści tętniące życiem. Odkryj je teraz