18 Zawgyi

137 8 0
                                    

" ထပ်တွေ့ရတာဝမ်းသာပါတယ် "

ကိုကို့လက်မောင်းကို ဖက်တွယ်ရင်း နှုတ်ဆက်လာတဲ့ မိန်းကလေးကိုကြည့်ရင်း Baekhyun ဝမ်းနည်းလာသလိုထိ ဖြစ်မိသည် . အလုပ်ကိစ္စနဲ့ သွားတဲ့ကိုကို ပြန်အလာကျ DaeSoo အမနဲ့ တွဲတွေ့ခဲ့တဲ့ ခပ်လှလှထိုအမျိုးသမီးကပါလာခဲ့တယ် .

" ဟုတ်ကဲ့ "

" အယ် ကလေးတွေ အိမ်ထဲဝင်ကြလေ ဘယ်နှယ့် အိမ်ဝကြီးမှာ ရပ်ပြောနေကြတာတုန်း "

ကိုကို့အမေက အိမ်ထဲဝင်ဖို့ခေါ်အပြီး Baekhyun လက်ကိုလာ၍ တွဲသည် .

" လာလာ သားငယ်လေး "

" ဘယ်လိုလုပ်အတူလာကြတာလဲ "

" မဟုတ်ဘူး mom ကျွန်တော်နဲ့ Shinhe က အရင်ရောက်လာပြီး အိမ်ဝမှာ Baekhyunee နဲ့တွေ့တာ "

လက်မှာတွဲထားတဲ့ လက်သည်းနီ ရဲရဲနဲ့ လက်ချောင်းများကို ကိုကိုကဖယ်ထုတ်သည် . သို့သော်လည်း...

" မင်း မေမေနဲ့ စကားပြောလိုက်ဦး ကိုယ်အနားယူဖို့သွားလိုက်ဦးမယ် Baekhyun ကိုယ်နဲ့လိုက်ခဲ့ "

ဒီလောက်ပဲ ပြောပြီး Chanyeol က ရှေ့က ဦးဆောင်ကာ ထွက်သွားတော့ Baekhyun လည်း နောက်ကလိုက်သွားမိသည် . အခန်းတံခါးကိုလည်း ဖွင့်ပေးတာမို့ Baekhyun ကပဲ အရင်ဝင်လိုက်သည် .

ရင်ခွင်ထဲရောက်လာတဲ့ ကိုယ်သေးသေးလေးကို ကျောဘက်ကနေဖက်ထားရင်း ပခုံးသေးသေးလေးပေါ် မေးစေ့တင်ထားတော့ လည်ပြန်ကြည့်လာသည် . တစ်ခဏတိတ်ဆိတ်နေတဲ့ အခန်းလေထုထဲမှာ ဘယ်သူအရင်စကားစမလဲစောင့်နေကြသည့်နှယ်

" ကိုကိုက တောင်းပန်ပါတယ် "

" ဘာလို့လဲ "

" အင်း ဒီတိုင်းပဲ ကိုယ့်ကိုစိတ်ဆိုးနေသေးလား Baekhyunee "

" စိတ်ဆိုးစရာကိစ္စ ကိုကိုလုပ်ထားလို့လား "

" ဟင့်အင်း မလုပ်ပါဘူး "

" ဒါဆို မဆိုးဘူး သွားတဲ့ကိစ္စရော အဆင်ပြေလား "

" ပြေတာပေါ့ကိုယ်ပဲဟာကို "

" ကိုကို....အဲ့အမက ဘယ်သူလဲလို့ မေးကြည့်လို့ရေူ ဖြစ်ရဲ့လား "

ထိုအခါမှ ဖက်ထားတာကိုလွှတ်ပေးကာ မျက်နှာချင်းဆိုင်အနေအထားကို ပြောင်းလိုက်ပြီး စိုက်ကြည့်နေတော့သည် .

𝗜𝘁'𝘀 𝗻𝗼𝘁 𝗼𝘂𝗿 𝗕𝗹𝗶𝗻𝗱 𝗗𝗮𝘁𝗲 ( ᶜᴴᴬᴺᴮᴬᴱᴷ ) ᶜᴼᴹᴾᴸᴱᵀᴱᴰTempat cerita menjadi hidup. Temukan sekarang