Unicode
" ဟူး ပင်ပန်းတယ် ဘောပဲ ငါ*ိုးမ ကံကြမ္မာ "
ရိပေါ်တစ်ယောက်စိတ်ပေါက်ပေါက်နဲ့ ကမ်းစပ်နားလာကာ အရက်သောက်နေမိသည်။အရက်သောက်တိုင်းအရက်သမားတော့မဟုတ်ပါ။သူကစိတ်ညစ်လို့သောက်တာ တစ်ချို့ကကြိုက်ကိုကြိုက်တာ အဲ့တာကွာတယ်။
သူ့ဘဝက ဘယ်ကစမှားလဲဆို မေမေဆုံးပြီး သူ၏ဖခင်ရဲ့ အရက်သောက် ဖဲရိုက် အလောင်းကစားအကုန်လုပ်တဲ့အပြင် ပွားမယ်ဆိုပြီး ပိုက်ဆံတေပါချေးခဲ့သည်။ဖခင်ဆုံးတော့ တစ်ဦးတည်းသောသားဖြစ်တဲ့သူ့အပေါ် အတိုးကောချေးငွေတေပါပုံကျလာခဲ့သည်။
ရှိသမျှပိုက်ဆံတေအပြင် တိုက်တွေဝိုင်းတွေကားတွေပါအပေါင်ဆုံးလို့သူ့မှာ အခုသူ့ဘဏ်ကဒ်ထဲမှာရှိတဲ့ပိုက်ဆံလေးနဲ့ ကျွန်းတစ်ခုမှာ လာနေနေခြင်းသာ။သူ့ပိုက်ဆံတွေကလဲကုန်တော့မည်ဖြစ်သည်။အကြွေးဆပ်စရာများသည်လည်း ကျန်နေသေးသည်။အကြွေးရှင်များသည်လူမိုက်များနှင့်ရမ်းကားသူများပါ၍ သူ့နောက်လိုက်နေသည့်အကြွေးရှင်များပင်ရှိနေသေးသည်။
သူ့အသက်အခုမှ ၂၀ ပဲရှိသေးသောကြောင့် ငယ်ငယ်ရွယ်ရွယ်နဲ့စိတ်ရှုပ်လို့သတ်သေတဲ့သူတေအများကြီးရှိသော်လည်း သူစိတ်အရမ်းညစ်ပေမဲ့ သက်သေတာတော့မလုပ်နိုင်ပါ။ငယ်ငယ်ကတည်းက သူ့အသားနာမည့်အလုပ်မည်သည့်အလုပ်မှရိပေါ်မလုပ်ပါ။လုပ်လျှင်လည်းအဲ့လူကရိပေါ်မဟုတ်ပါ။
ရိပေါ်အခန်းထဲပြန်လာရန် ထရပ်လိုက်သည်နှင့် လျှော်၍ ရေထဲပြုတ်ကျလေသည်။ရေကနစ်သည်မို့ ရိပေါ်ပြန်တက်သော်လည်း နာကျင်နေသည့်ခြေထောက်ကြောင့် တက်၍မရပေ။
သူသေရတော့မှာလား
ငယ်သေးတယ်လို့ မသေချင်ဘူးလို့
အခုချိန် ရေထဲကရေသူထီးလေးဖြစ်ဖြစ်
နတ်သားလေးဖြစ်ဖြစ်လာကယ်ရင်
သူ့လောက်ပျော်တဲ့ကောင်ရှိမှာမဟုတ်တော့ဘူး
ဘုရား တရား သံဃာ မိဘဆရာ
ကယ်တော်မူကြပါဗုဒ္ဓံဘာဖြစ်တယ် အား..!!!
ဘုရားစာမရတော့ဘူး
မားမား!!!ရိပေါ်၏စိတ်ထဲတွင်အော်ဟစ်ကာ စစ်တိုက်နေသော်လည်း အပြင်မှာတော့ရေထဲရောက်နေသည့်အတွက် ရိပေါ်မေ့မြောတော့မည်။ရိပေါ်သတိမမေ့ခင် မြင်လိုက်ရသောအရိပ်လေးကြောင့် ရိပေါ်မှာ အပျော်တေဆို့ကာတန်းမေ့သွားတော့သည်။သူ့ကိုလာကယ်တာသေချာတာမို့ သူမေ့လည်းရပြီလေ။
आप पढ़ रहे हैं
♡ Mermaid is my husband ♡ { Complete✓ }
काल्पनिक{ Short story } Happy birthday Xiaozhan Gege♡. ဖတ်ချင်တာလေးပြောပြပေးခဲ့တဲ့ ကျွန်တော့်ပန်ဒါလေးကိုလည်း ကျေးဇူးပါဗျ။ ပင်လယ်ပြာရဲ့ချစ်သူဆိုတဲ့ပုံစံလေးကို အနည်းငယ်အမှီပြုထားရပါတယ်ဗျ 5.8.2023...