P.3

1.7K 181 20
                                    

Unicode

သူတို့အခု ရောက်နေသည်က မိခင်ဘက်မှအဘွားများမဆုံးခင်အမွေပေးခဲ့သောတိုက်သို့ပင်။ရိပေါ်တစ်ယောက်ကတော့ ခရီးပန်းကာချက်ချင်းအိပ်မောကြသွားခဲ့သည်။ရှောင်းကျန့်သည် ရိပေါ်နားကပ်အိပ်ရင်းမှ ရိပေါ်၏မျက်နှာလေးအား နားထင်လက်ထောက်ကာကြည့်နေမိသည်။ပြီးသည်နှင့် ပါးလေးများအား လက်ဖြင့်လိုက်ထိ၍ နှုတ်ခမ်းနားလေးအရောက်တွင်ရပ်တန့်လိုက်သည်။ပြီးသည်နှင့် လက်မဖြင့် ပွတ်လိုက်မိသည်။နူးညံ့အိစက်နေသောနှုတ်ခမ်းသားလေးများ၏အထိအတွေ့ကြောင့် သူထပ်ခါထပ်ခါထိတွေ့နေမိသည်။

" ဝမ်ရိပေါ်ကလှလိုက်တာ ရှောင်းကျန့် ဝမ်ရိပေါ်ရဲ့နှုတ်ခမ်းလေးတွေကို အရမ်း သဘောကျတယ် ဝမ်ရိပေါ်ကိုနောက်မှ ရှောင်းကျန့်ဘယ်လောက်သဘောကျလဲဆိုတာပြောပြမယ်"

ရိပေါ်နားမှထ၍ ရိပေါ်သင်ပေးထားသည့်အတိုင်း Laptop အားကိုင်ကာဖွင့်၍ ပတ်ကြည့်နေမိသည်။ယခုတော့သူဟာ တရုတ်လူမျိုးတစ်ယောက်ကဲ့သို့ရေးတတ်ဖတ်တတ်နေလေပြီ။ရေသူအဖြစ်နေခဲ့စဉ်က ရေသူအချင်းချင်း စိတ်ဖြင့်သာပြောဆိုကြသည်မို့ သူထိုစကားများကိုမတတ်ခဲ့ခြင်းဖြစ်သော်လည်း ယခုတော့သူအကုန်နီးပါးပြောတတ်နေလေပြီဖြစ်သည်။

ကြည့်နေဆဲအချိန် ငါးများအားခုတ်ထစ်နေသော vdအားတွေ့လိုက်သည်မို့ သူလန့်သွားရသည်။ Laptop အားပိတ်ပစ်လိုက်ပြီး ဆိုဖာခုံအောက်သို့ဆင်းကာ ရိပေါ်အခန်းတွင်းသို့ပြေးကာ ရိပေါ်ဘေးကပ်၍ စောင်အားခေါင်းမြီးခြုံလိုက်သည်။လှုပ်လှုပ်ယွယွဖြစ်နေသည်မို့ ရိပေါ်နိုးလာလေသည်။

" ဟာ ဟိတ်ကောင် ဆင်းစမ်း စောင်ကိုနည်းနည်းမခြုံပဲ Xီးဖြစ်လို့ ဇွတ်ဆွဲ ငါဒီအချိန်ထရတာဒီနေ့ကပထမဆုံးပဲ "

နာရီလက်တံရှည်လေးသည် ဆယ်နာရီသို့ညွှန်ပြနေသည်။ရိပေါ်အတွက်ဆယ်နာရီဟာ အရမ်းကိုစောလွန်းနေသည့်ထင်...

" ငါး ငါးလေးတွေကိုသတ်နေတယ် သူတို့ဘာအပြစ်လုပ်လို့လဲမသိဘူး ဓားကြီးနဲ့ခုတ်နေတာ ရှောင်းကျန့်မြင်လိုက်တာ "

စောင်ခေါင်းမြီးခြုံလျက်ပြောနေသည်မို့ ရိပေါ်မှာ ငိုရခက်ရယ်ရခက်ပင်။ငါးကိုသတ်တာကိုအထူးအဆန်းလုပ်နေသည့်ထိုလူသည် တကယ်ကိုကလေးလေးအတိုင်းချစ်ဖို့အလွန်ကောင်းနေသည်။

♡ Mermaid is my husband ♡ { Complete✓ }Where stories live. Discover now