P.2

2K 214 14
                                    

Unicode

ရိပေါ်တစ်ယောက်မသိသော်လည်း သူ့ပြဿနာကြား ကြားမညပ်စေရန် လက်ဆွဲခေါ်လာလိုက်သည်။ ဘယ်သူဆိုတာတေ၊ ဘယ်ကလာပြီး ဘယ်ကိုပို့ရမယ်ဆိုတာတေ၊ သူတစ်ခုမှသိမနေပါ။ထိုလူသူ့ကိုမပြောသောကြောင့်သူမသိခြင်းဖြစ်သည်။ရိပေါ်ပြေးနေရင်းမှ မှီလာသော အုပ်စုတွေကြောင့် အရှိန်နှစ်ဆတင်ကာပြေးရတော့သည်။

ပြေး‌ရင်းနှင့်ပင် လက်လွှတ်လိုက်သော်လည်း သူ့နောက်မှဆက်ပြေးလိုက်နေသူကြောင့် ရိပေါ်တစ်ယောက် ကိုယ့်နေရာကိုပြန်ရန် မျက်နှာရိပ်မျက်နှာကဲဖြင့်ပြောသော်လည်း ပြုံးပြနေ‌သောထိုလူကြောင့် သူ၏သွားသုံးဆယ့်နှစ်ချောင်းလုံးပေါ်အောင်ထိဖြီးပြလိုက်ကာ လက်သီးထောင်ပြလိုက်သည်။

တကယ် နောက်ကလိုက်နေတာ မသိရင် သူ့အမျိုးတေကြနေတယ် လာဖြီးပြနေတယ် ဟိုကောင်တေကိုလက်ကလှမ်းပြသေးတာ....

တကယ်တော့ လက်ပြနေခြင်းမဟုတ်ပါ။ဟိုကစောက်ခွက်လှမ်းထိုးခြင်းသာ။သူတို့နောက်လိုက်သည့်ကောင်တွေသည် ရိပေါ်အားကယ်တင်ထားသည့်လူသားမဟုတ်သည့်လူသားသည် ဒေါသထွက်စွာကြည့်ပြီး ထိုးခြင်းမဟုတ် ပြုံးပြကာ ထိုးပြီး အဝေးလွှင့်ထွက်သွားသည်နှင့် ပြုံး၍တာ့တာပြ နေသည့် ထိုလူ့အားလန့်နေကြသည်။လူသူမရှိသည့်နေရာဆိုသော်လည်း သူတို့နောက်လိုက်သည့်လူတွေမှာ ဆက်ပဲလိုက်ရမလို တာ့တာပြန်ပြပြီးပဲထွက်ပြေးရမလိုဖြစ်နေကြရသည်။သူတို့အလုပ်ထွက်ရမည်လည်းစိုးရိမ်သည်မို့ ခပ်လှမ်းလှမ်းမှပြေးလိုက်ကြသည်။

ရိပေါ်တို့ရှေ့လာပိတ်ရပ်သောလူတစ်စုကြောင့် ရိပေါ်‌သူ့နောက်ရှိလူ၏လက်အားလှမ်းဆွဲ၍ ရှေ့သို့ဆက်မပြေးစေပဲ သူ့နောက်ရပ်ခိုင်းလိုက်သည်။သူ့ထက်အရပ်ပိုရှည်နေသည့်ထိုလူသည် ကာကွယ်ထားသည့်သူ့ထက်ခေါင်းတစ်လုံးပိုထွက်နေသည်။သူကကာကွယ်ထားသော်လည်းခေါင်းပေါ်နေသောထိုလူ့ကြောင့် ရိပေါ်မှာ စိတ်ညစ်ရလေသည်။သူ့အဖြစ်ဆိုးအား သူများအပေါ်ကျရောက်မှာကိုသူတကယ်မလိုလားပါ။

" သူနဲ့ကျွန်တော်ဘာမှမဆိုင်ဘူး သူ့ကိုလွှတ်လိုက် ကျွန်တော်ကိုယ့်ကိုလိုက်ခဲ့မယ် "

♡ Mermaid is my husband ♡ { Complete✓ }Where stories live. Discover now