Ep-12

4.7K 165 38
                                    

အိမ်ပြန်ရောက်ပြီဖြစ်ကြောင်း အကို့ထံစာပို့ပြီး နောက် နှင်းစက်ရေချိုးလိုက်ပြီး စိတ်နည်းနည်းလန်းသွားချိန်မှာ ဖုန်းကိုကြည့်ရင်းအိပ်ယာပေါ်လှဲချကာ မပြန်ခင်ပြောခဲ့ကြသည့်စကားများကိုပြန်တွေးကြည့်နေမိသည်။ သူမရဲ့စိတ်ထဲမှာ အကိုကဘယ်လောက်အထိ နေရာရနေပြီလဲဆိုတာနဲ့ပတ်သက်ပြီး‌တော့လည်း စဉ်းစားနေမိလေသည် ။

အကိုကတော့အိမ်ရောက်ပြီဖြစ်ကြောင်းစာပို့လာပြီးနောက် သူမနဲ့ပြောဖြစ်သည့်အကြောင်းအရာတွေနဲ့ပတ်သက်ပြီးသူ့အပေါ်စိတ်ခုတာရှိလားလို့ မေးလာခဲ့ပေမယ့် နှင်းစက်သေသေချာချာပြန်စဉ်းစားကြည့်ရင် စိတ်ခုမိတာမျိုးရှိမနေခဲ့ပါ ။
နှင်းစက်အတွက်က အကိုစိတ်သက်သာဖို့ကအဓိက မို့လို့ အကိုဒီလိုအရာတွေထည့်မတွက်လည်း ရသည်ကို သေသေချာချာပြောပြမိသည်။

အကို့ကို စိတ်သက်သာစေချင်ခဲ့တာပဲ သူမ သိသည်မို့ ၊ ဒါကိုအကိုယုံသည်ဖြစ်စေ မယုံသည်ဖြစ်စေ နှင်းစက်အနေနဲ့ မရှင်းပြတတ်ပေ ။ ဒီလူအပေါ် ချစ်ခင်စွဲလန်းမိသည့်စိတ်က အချိန်တိုအတွင်းကြောက်ဖို့ကောင်းစွာ တစ်စ တစ်စတိုးလာခဲ့သည်မို့ နှင်းစက်ထိုစိတ်ကိုမတားမြစ်ထားပဲ အကို့အပေါ်မှာထားသည့် မေ‌တ္တာကိုရေကုန်ရေခမ်းပေးချင်နေ‌တာမျိုး ၊ အကို့ရဲ့ရှေ့ဆက်ရမယ့်ဘဝကို တစ်စုံတစ်ယောက်ကိုတမ်းတပြီး စိတ်ရော လူရောချူံးချုံးကျ ဖြစ်နေမှာမျိုး နှင်းစက် လုံးဝမလိုလားပါ ။
အကိုရှေ့ဆက်မယ့်ဘဝကို နှင်းစက်ပါသည်ဖြစ်စေ မပါသည်‌ဖြစ်စေ အကို့စိတ်အတိုင်းပျော်ရွှင်ပေါ့ပါးစွာ ဖြတ်သန်းစေလိုသည် ။
ဒါပေမယ့် တွေ့ဆုံချိန် 1 လကျော်ကာလဟာ 9 နှစ် 10 နှစ်နီးပါးရှိခဲ့သည့် သံယောဇဉ်ကိုချေဖျက်ပေးနိုင်လောက်‌အောင် မလုံ‌လောက်နိုင်တာ နှင်းစက်ကောင်းစွာနားလည်သည် ။

စဉ်းစားနေရင်း အတွေးတွေများလာပြီး မစဉ်းစားချင်တော့သည့်အဆုံး အိပ်တော့မည်ဖြစ်ကြောင်း အကို့ကိုစာပို့လိုက်တော့ အကိုကဘာမှထပ်မပြောပေ ။

***
ထိုရက်တွေကစပြီး မေနှင်းစက် အကို့အပေါ်ထားထားတဲ့ အမြင်တွေဟာလည်း တစ်ဖြေးဖြေးပြောင်းလဲလာသည် ။ အကို့ရဲ့ ပြုံးရယ်မှုတွေကအစ အစစ်အမှန်မဟုတ်နေသလို တစ်ခါတစ်ရံခံစားရပြီး တစ်ခါတစ်ရံ ဒဏ်ရာတွေကို ဖုံးကွယ်ထားဖို့ပြုံးတဲ့ အပြုံးတွေလို့ ထင်မြင်ချင်လာသည် ။

My Beloved Master - ကိုယ် ချစ်ရပါသော Tahanan ng mga kuwento. Tumuklas ngayon