🎀 Part - 9 🎀
▫▫▫▫▫▫▫▫▫▫▫▫▫▫▫▫▫သုဝဏ္ဏဘူမိမှာ လုပ်ပိုင်ခွင့်၅နှစ်ရခဲ့ပြီမို့ စိတ်ထဲအလွန်ကျေနပ်သွားမိကာ တာချီလိတ်ကိုမပြန်တော့ဘဲ ထိုအိမ်ကိုပိတ်ထားဖို့ သူ့လူတွေကို အမိန့်ပေးလိုက်သည်။
သို့ပေမယ့် စဝ်က ဒါကိုသဘောမကျ။"ဒါပေမယ့် ကိုဇွဲ တာချီလိတ်ရဲ့လက်နက်ဈေးကွက်က မင်းလက်ထဲရောက်နေပြီသားပဲ အခုအတိုင်းပိတ်ပစ်လိုက်ရင် နောက်ထပ်၅နှစ်ဆို အလှမ်းဝေးသွားမယ်မထင်ဘူးလား"
"အဲ့လိုတော့တွေးမိတယ် ဒါပေမယ့် တာချီလိတ်နဲ့ဒီကို အခေါက်ခေါက်အခါခါမကူးသန်းနိုင်ဘူး မင်းကရော တစ်ယောက်တည်းလှုပ်ရှားလို့ ဖြစ်ရဲ့လား"
"ငါကဖြစ်ပါတယ် မင်းက သုဝဏ္ဏဘူမိမှာတစ်ယောက်တည်း အတင်ပြေမယ်မထင်ဘူး ငါက မင်းနဲ့ခဏလိုက်ပေးမလို့..
မင်းဒီကို စိတ်ချရတဲ့လူတစ်ယောက်ဖြစဖြစ် ဦးစီးခိုင်းလိုက်ပါလား ငါတို့က အဝေးကပဲCheckပေါ့"စဝ်ခွန်မိုင်းက သူ့ရဲ့မိတ်ဆွေတစ်ယောက်ဖြစ်သလို အစစအရာရာအားကိုးရသည့် တာချီလိတ်နယ်ခံ သတင်းပွဲစားတစ်ယောက်ဖြစ်သည်။
သူ တာချီလိတ်ကိုပြန်ရောက်စကတော့ သတင်းပွဲစားလုပ်နေပေမယ့် သူ့ကိုမှ ထူးထူးခြားခြားခင်တွယ်ပြီး မိတ်ဖွဲ့ခဲ့ကြသည်။
သူ့အိမ်မှာလည်း အဝင်အထွက်ရှိပြီး လဂာ်နက်ရောင်းဝယ်ဖို့အတွက် အစစအရာရာကူညီပေးခဲ့သူမို့ စဝ်နဲ့သူဟာ ညီအစ်ကိုတွေလိုဖြစ်သည်။တူညီတာတစ်ခုက စဝ်ရဲ့အဖေသည်လည်း သတင်းပွဲစားတစ်ယောက်ဖြစ်ခဲ့ကာ Leoponရဲ့အတွင်းသတင်းတွေ ပေါက်ကြားမှုဖြင့် အသဝာ်ခံလိုက်ရသည်။
ထို့ကြောင့်ပဲ Leoponကိုဖျက်ဆီးဖို့ အကြံတူသော သူတို့နှစ်ယောက် ပေါင်းမိသွားခဲ့ခြင်းဖြစ်သည်။"အဲ့ဒါဆို မင်းပဲ ဒီမှာတာဝန်ခံလိုက်ပါ င်ကတစ်ယောက်တည်းလည်း အဆင်ပြေတယ်"
"ငါလည်းပြေပါတယ် ဒါပေမယ့် မင်းမရှိဘူးဆိုတဲ့သတင်းမထွက်အောင် သေချာဂရုစိုက်ရမယ် ဟိုလူကြီးက မင်းကိုစောင့်ကြည့်နေတာသိတယ်မလား"
ဦးဘုန်းမြတ်နိုင်ကို ရည်ရွယ်ပြီးပြောနေမှန်းသိလိုက်၍ သူခေါင်းညိတ်ပြလိုက်ကာ သုဝဏ္ဏဘူမိမှာအခြေချဖို့ စီစဥ်တော့၏။
တာချီလိတ်ကိုတော့ ပစ်ထားလို့မရဘဲ မကြာမကြာပြန်စစ်ရမည်ဖြစ်ကာ အရောင်းအဝယ်တချို့မှာလည်း သူပါမှဖြစ်မည်။
ဒါမှသာ ကိုယ်ရှိနေတယ်လို့ Leoponတွေထင်ကြမည်မဟုတ်လား…

VOUS LISEZ
ချစ်ခြင်းတစ်ခု၌ အမြစ်တွယ်ခြင်း (Players season 3)
Roman d'amourငါချစ်ရင် ငါနဲ့ပဲညားမှာမို့ မင်းသတိနဲ့သာနေ Baby Start Date - 13 Jan 2023 End Date - 19 March 2023