2

15.5K 502 17
                                    

🎀  Part - 2 🎀

▫▫▫▫▫▫▫▫▫▫▫▫▫▫▫▫▫

အရေးကြီးလာလျှင် ဒီနံပါတ်ကိုဆက်ဖို့ ဖေဖေမှာထားခဲ့သည့်တိုင် ဒီနံပါတ်ကိုနှိပ်ဖို့လက်တွန့်နေမိဆဲ။
သို့သော် ဖေဖေကတော့ သူတို့မောင်နှမ ဒုက္ခရောက်စေမှာမဟုတ်၍ အရဲစွန့်ကာ ထိုနံပါတ်သို့ဖုန်းခေါ်လိုက်သည်။
ဖုန်းကဝင်နေပေမယ့် မကိုင်တာမို့ ဖုန်းဝင်သံတစ်ချက်တိုင်းမှာ သွေးတွေဆူပွက်လာသလို ခံစားရသည်။

"ကိုဇွဲ သမီး အိမ်သာသွားချင်တယ်"

"အင်း လိုက်ပို့ပေးမယ်နော်"

ဖြူဆွတ်သောညီမလေးမျက်နှာက နာကျင်နေသလို ရှုံ့မဲ့ကာ ရေမချိုးရသေး၍ အနည်းငယ်ညစ်နွမ်းနေ၏။
မနေ့ကမှ အိမ်အထိန်းကြီးလဲပေးထားသော ညဝတ်အင်္ကျီအနီရောင်လေးက ကြေမွနေပြီဖြစ်ကာ နုနယ်သည့်ဒီကလေးလေးကိုသာ သူ့မှာအရိပ်တကြည့်ကြည့်။

"ချစ်ခြင်းပြီးရင် ကိုဇွဲကိုခေါ်လိုက် ဒီနားမှာစောင့်မယ်"

"ဟုတ်"

Toiletရှိရာဆီကို ညီမလေးပြေးထွက်သွား၍ ဘေးဘီကိုအကဲခတ်ရင်း သတိကိုမလွတ်စေဘဲ မျက်စိကိုဖွင့်၊နားကိုစွင့်ထားမိ၏။
ထိုအချိန် ဖုန်းဝင်လာတာမို့ ပြန်ကြည့်မိတော့ စောစောကသူခေါ်ထားသည့် Minဆိုသည့်နံပါတ်။

"ဟဲလို"

"ဖေဖေကမှာထားခဲ့တယ် အရေးကြုံလာရင်ဒီဖုန်းကိုခေါ်ပါတဲ့"

"ဇွဲကပင်လား"

သူ့နာမည်ကိုခေါ်ကာ ထိတ်ထိတ်ပြာပြာဖြစ်သွားသည့်အသံကြောင့် မသင်္ကာဖြစ်သွားပြီး ချက်ချင်းပြန်မဖြေဘဲနေလိုက်သည်။
တစ်ဖက်ကအသံသည် ထပ်ကာထပ်ကာခေါ်နေ၍ ဖေဖေ့ကိုသတိရလိုက်ကာ ယုံကြည်စိတ်လေး နည်းနည်းထားဖို့စိတ်ကူးလိုက်သည်။

"ကျွန်တော် ဇွဲကပင်ပါ"

"မင်းတို့ဘယ်မှာလဲ ချစ်ခြင်းပြည့်စုံရော"

"ရှိတယ်"

"ဟုတ်ပြီ ဒီလိုဆို မင်းတို့မောင်နှမ မြေပြန့်ကိုဆင်းခဲ့ကြ ဦး လိပ်စာတစ်ခုပေးမယ်"

"ခင်ဗျားကို ဘယ်လိုယုံရမှာလဲ"

"ဦးက မင်းအဖေဇွဲသူရရဲ့မိတ်ဆွေပါ မင်းကိုကူညီဖို့ မင်းအဖေကမှာထားတယ် ဦးက မိတ်ဆွေဝတ္တရားကျေပွန်ချင်တာပါ"

ချစ်ခြင်းတစ်ခု၌ အမြစ်တွယ်ခြင်း (Players season 3)Where stories live. Discover now