7

10.3K 393 10
                                    

🎀  Part - 7 🎀
▫▫▫▫▫▫▫▫▫▫▫▫▫▫▫▫▫

အဖေနှင့်အမေ တောင်ကြီးက သူ့စံအိမ်သို့ရောက်လာသည့်အခါ သူသည် အမေ့ကိုစိုက်ကြည့်နေမိသည်မှာ အကြာကြီးဖြစ်သည်။
မတွေ့ရသည့် 7နှစ်ကျော်မှာ အမေ့ကို ဖုန်းscreenပေါ်မှာပဲ မြင်ခဲ့ရကာ တစ်ခါတစ်လေဖုန်းပြောခွင့်ရရုံသာ…
အမေ့ရဲ့နွေးထွေးမှု၊ အမေ့အပြုံးတွေကိုလည်း လက်တွေ့မမြင်ရတာကြာပြီမို့ ထိုအခိုက်အတံ့လေးမှာ တန်ခိုးကို သူ ပြင်းစွာမနာလိုမိသည်။
ဒီကောင်ကတော့ အမေနဲ့ တစ်ချိန်လုံးနေခဲ့ရသည်မလား…

"ထွားလာလိုက်တာ ငါ့သားရယ်"

အမေ့ထက် သူကအရပ်မြင့်နေပြီမို့ မမှီမကမ်းဖြင့် သူ့ဆံပင်တွေကိုဆွဲဖွရင်း အမေ မျက်ရည်ဝဲနေသလို ပြုံးလည်းပြုံးနေ၏။
သူက အမေ့လက်ကိုဆွဲယူပြီး ပါးမှာကပ်ထားလိုက်သည့်အခါ ကလေးတစ်ယောက်နှင့်တူနေမှာ သေချာသည်။

"အရင်အတိုင်းပဲ ခွေးကောင်လေး"

"အမေကတော့ ပိုပြီးနုလာသလိုပဲ အဖေကဘာဆေးတွေများ ကျွေးထားတာလဲ"

"အောင်မာ!! ငါက ငါ့မိန်းမကိုစိတ်ချမ်းသာအောင်ထားတယ် မင်းတို့နှစ်ကောင်လို မှတ်နေလား"

"ဒါကတော့ အဖေ့သွေးလေ သားသမီးဝတ်ထဲမှာ မွေခံထိုက်စေဆိုတာတောင် ပါသေးတာပဲ အဖေ့ရဲ့ဆိုးမွေကို"

"ခွေးသား"

သူ့အဖေ ဘုန်းထက်နိုင်ဟာ ထိုသို့လူပါ…
သူ့ကိုဆဲတာတောင် အမေ့ကိုမထိခိုက်အောင်ဆဲတတ်ကာ အမေ့ကို ငုံထားမတတ်ချစ်မြတ်နိုးခဲ့တာ အရင်ကတည်းက။
အဖေနဲ့အမေ့ရဲ့ Love storyက Leoponမှာ အခုထက်ထိနာမည်ကျော်နေဆဲဖြစ်ကာ ရက်စက်ကြမ်းတမ်းသော Leoponရဲ့ခေါင်းဆောင်ကြီးက ထိုနယ်ကိုတာဝန်ကျလာသည့် ကျောင်းဆရာမလေးကြောင့် လိမ္မာသွားရသည့်အဖြစ်…

"ရှင် ကျွန်မနဲ့လက်ထပ်ချင်ရင် သာမာန်လူဖြစ်ရမယ် ကျွန်မ ဂိုဏ်းခေါင်းဆောင်ကို ယောကျာ်းမတော်နိုင်ဘူး"

ဆိုသည့်စကားနှင့် Leoponကို ညီဖြစ်သူ ဦးဘုန်းမြတ်နိုင်ရဲ့လက်ထဲထည့်ကာ အမေ့ကိုရွေးချယ်ခဲ့သူ…
အမေကလည်း ကတိအတိုင်း မြေပြန့်ကိုမပြန်တော့ဘဲ အဖေ့ကိုလက်ထပ်ပြီး ခြံလုပ်ငန်းမှာပဲ ဘဝကိုမြှုပ်နှံခဲ့သည်အထိ။
သူတို့ညီအစ်ကိုနှစ်ယောက်မွေးပြီးသည်အထိ ဘဝဟာအေးချမ်းခဲ့ပြီးမှ ဦးလေးရဲ့လုပ်ကြံမှုသာ မရှိခဲ့လျှင် သူသည်လည်း သာမာန်ဘဝနဲ့ဆက်နေခဲ့ရမှာ…

ချစ်ခြင်းတစ်ခု၌ အမြစ်တွယ်ခြင်း (Players season 3)Where stories live. Discover now