17

10K 404 8
                                    

🎀  Part - 17 🎀
▫▫▫▫▫▫▫▫▫▫▫▫▫▫▫▫▫

"ဘယ်ရောက်သွားတာလဲ"

"ကျောင်းပြန်သွားတက်တယ် အစ်ကိုကြီး"

ကျစ်ခနဲစုပ်သပ်မိကာ ခေါ်မရသည့်နံပါတ်လေးကို စူးစိုက်ကြည့်နေရင်း ဘာဆက်လုပ်ရမလဲမသိ။
ဖုန်းဆက်မယ်ဆိုပြီး ထိုညကပဲ တာချီလိတ်စံအိမ်ကိစ္စနှင့် တောင်ကြီးကိုပြန်လာရ၍ သူမကိုမေ့ခဲ့သည်။
မျှော်နေမလားမသေချာပေမယ့် သူ မေ့ခဲ့မိခြင်းကိုတော့ သူမ စိတ်ဆိုးနေမှာသေချာသည်။

"သူ့အကြောင်းစုံစမ်းခိုင်းနေတာ တစ်လနီးပါးရှိနေပြီ ဘယ်မှာကျောင်းတက်တာလဲ အခုထိမသိရသေးဘူးလား"

"နောက်ကြောင်းစုံစမ်းရတာ နည်းနည်းခက်နေတယ် အစ်ကိုကြီး သူ့အကြောင်းကို စနစ်တကျဖျောက်ဖျက်ထားသလိုပဲ"

"မဟုတ်သေးပါဘူးကွာ.."

စိတ်ရှုပ်သွားသလို မချင့်မရဲဖြစ်သွားပြီး သံစူးချောင်းတွေကိုကောက်ကာ စက်ဝိုင်းပုံပစ်မှတ်ဆီ တဒေါက်ဒေါက်ပစ်နေမိသည်။
ခဏတဖြုတ်အားတုန်းလေး ချစ်ခြင်းကိုသတိရလာသည့်စိတ်ဟာ ဘာကြောင့်မှန်းမသိဘဲ ဖုန်းဆက်မရသည့်အခါ ပိုပြီးသတိရလာသည်။
သူ့ကိုချေပြန်ပြီလားဟု ဒေါသဖြစ်မိသောကြောင့် စုံစမ်းခိုင်းလိုက်တော့မှ ကျောင်းသွားတက်သည်တဲ့…
ဒီကောင်မလေးက ဘာလဲ…

"အစ်ကိုကြီး ဦးဘုန်းမြတ်နိုင်သတိရပါပြီ"

တစ်ပတ်နီးပါးသတိလစ်နေသော ဦးဘုန်းမြတ်နိုင်က အခုမှသတိရလာတာမို့ သူ ထိုင်ရာမှထလိုက်ကာ ဦးလေးအခန်းကိုလျှောက်လာခဲ့သည်။
တာချီလိတ်ကိစ္စမှာ အပေါ့လျော့ဆုံးက ဦးလေးဖြစ်ကာ အပြစ်အရှိဆုံးကလည်း ဒီလူကြီး…
ဦးလေးက Dripချိတ်ထားရပြီး သူရောက်လာသည်နှင့် ထထိုင်ဖို့ကြိုးစားနေ၍ လက်ကာပြလိုက်ကာ…

"ခင်ဗျား မသေသေးတာ ကျုပ်ဝမ်းသာတယ် ကဲ.. ဆိုစမ်းပါဦး စက်ရုံတစ်ခုလုံးနဲ့ စံအိမ်အသိမ်းခံရတဲ့ကိစ္စမှာ ခင်ဗျားက ဘာလုပ်နေလို့ကြိုမသိလိုက်ရတာလဲ"

"ကာစီနိုဘက်ကိုပဲ အာရုံရောက်နေလို့ပါ"

"ခင်ဗျားရဲ့အလုပ်က ကာစီနိုမဟုတ်ဘူးဦးလေး တာချီလိတ်မှာ လက်နက်ဈေးကွက်ပြန်သိမ်းဖို့ ကျုပ်ပြောခဲ့တာ ခင်ဗျားမှတ်မိလား ကျုပ်စကားကို စောက်ဂရုစိုက်စရာမလိုတဲ့သဘောလား"

ချစ်ခြင်းတစ်ခု၌ အမြစ်တွယ်ခြင်း (Players season 3)Where stories live. Discover now