20

10.8K 424 12
                                    

🎀  Part - 20 🎀
▫▫▫▫▫▫▫▫▫▫▫▫▫▫▫▫▫

ကွန်ဒိုအဝက ဘဲလ်တီးလိုက်တော့ အက္ခရာကတံခါးလာဖွင့်ကာ ကြက်သွေးရောင်ဂါဝန်ရှည်ဝတ်ထားပြီး ပခုံးပေါ်မှာ ငွေကြိုးမျှင်မျှင်လေးသာပါသော Evening Dressလေးဝတ်ထား၏။
မျက်မှောင်ကုပ်သွားမိသည်က ဟိုကောင် ဘယ်သွားနေသလဲ ဟု..

"အစ်ကို့ညီက အပြင်ပြန်ထွက်သွားတယ် ဘာကိစ္စလဲတော့မသိဘူး"

"OK ငါလာသွားတယ်လို့ပြောလိုက်"

"ဟင်!! ပြန်တော့မလို့လား ခဏတော့ဝင်ထိုင်ပါဦး သွားတာလည်းကြာပြီ ပြန်လာတော့မှာပါ"

ခရာကအိမ်ရှင်ပီသစွာ ဖိတ်ခေါ်လာတော့ သူ မငြင်းဖြစ်တော့သလို တန်ခိုးရဲ့အားနည်းချက်ကို သူသိထားဖို့လိုအပ်တာမို့ ခေါင်းညိတ်ပြလိုက်သည်။
သူက အဖေ့လို မတွေဝေ၊မပျော့ညံ့ချင်ဘဲ သူ့ကိုလုပ်ကြံချင်လာလျှင် တန်ခိုးကိုလည်း ရှင်းပစ်ဖို့အဆင်သင့်။

ကွန်ဒိုသည် အခါများစွာကမြင်ဖူးနေကျထက် ပိုပြီးခမ်းနားနေကာ တန်ခိုးသည် ဒီမိန်းကလေးကို အတော်လေးယုယထားပုံရသည်။
ဧည့်ခန်းမှာဝင်ထိုင်နေလိုက်ပြီး နာရီကိုတစ်ချက်ကြည့်မိတော့ 1နာရီထိုးတော့မှာမို့ နောက်ထပ်နာရီဝက်နေမှ ပြန်မလာရင် ပြန်ဖို့ဆုံးဖြတ်လိုက်သည်။

"အစ်ကို သောက်ဦး"

လိမ္မော်ရည်တစ်ခွက်လှမ်းပေးလာတော့ ယူရုံသာယူထားလိုက်ပြီး မသောက်ဖြစ်ဘဲ ဘောင်းဘီအိတ်ထဲထည့်ထားသည့် ကားသော့ကိုထုတ်ယူလိုက်သည်။
ထိုသော့ကို အက္ခရာရှေ့အထိတွန်းပို့ပေးရင်း မေးဆတ်ပြလိုက်ကာ...

"မင်းအတွက်ယူလာတာ KIA Rioလေး Modelတော့သိပ်မမြင့်သေးဘူး ပြီးမှအသစ်ထပ်လဲပေးမယ်"

"အစ်ကိုကလည်း ၂ခါကုန်အောင်လို့"

"ဘာမှမဖြစ်ပါဘူး ဝရမ်းပြေးလိုထွက်လာရလို့ ငွေကသိပ်မပါခဲ့တာ အဲ့ဒါကြောင့်"

"အစ်ကိုလည်း အဲ့လိုတွေရှိသေးတယ်လား"

ပြောရင်းရယ်နေသောအက္ခရာကြောင့် ဒီမိန်းကလေးရဲ့ဖြူစင်မှုကိုသဘောကျသွားကာ တံခါးဖွင့်သံနှင့်အတူ တန်ခိုးဝင်လာ၍ မကျေမနပ်စိုက်ကြည့်နေလိုက်၏။
တန်ခိုးက ရောက်ရောက်ချင်း မိန်းမဖြစ်သူဆီကို အကြည့်ရောက်သွားပြီးမှ သူ့ဆီအကြည့်ရောက်လာ၍...

ချစ်ခြင်းတစ်ခု၌ အမြစ်တွယ်ခြင်း (Players season 3)Where stories live. Discover now