46

9.6K 440 16
                                    

🎀 Part - 46 🎀
▫▫▫▫▫▫▫▫▫▫▫▫▫▫▫▫▫

ကားကိုအလောတကြီးထိုးရပ်လိုက်၍ အိမ်ရှေ့ကအစောင့်တွေ အနည်းငယ်လှုပ်ရှားသွားကြပြီး သူသည် အဖေ့သေနဝာ်တစ်လက်ကိုသာယူပြီး ကားပေါ်ကဆင်းလာခဲ့သည်။
သူ့ကိုမြင်လိုက်သည်နှင့် တစ်အိမ်လုံး လှုပ်လှုပ်ရှားရှားတွေဖြစ်ကုန်ပြီး လက်နက်ကိုယ်စီဖြင့်ထိုးချိန်လာတော့ သူ လက်နှစ်ဖက်လုံးမြှောက်ပြလိုက်သည်။

"ငါ ဇွဲကပင်နဲ့တွေ့ချင်တယ်"

ဇွဲကပင်ကလည်း ဒီအသံကြားလိုက်ဟန်ဖြင့် ထွက်လာကာ သူတစ်ယောက်တည်းတွေ့လိုက်၍ ခေတ္တငြိမ်သွားပြီး အေးအေးဆေးဆေးထွက်လာသည်။
အနားကိုရောက်လာတော့ သူ့အင်္ကျီကော်လံစကို ဆွဲကာ လက်သီးတစ်ချက်ဖြင့်နှုတ်ဆက်တော့ သူဟာ မြေပြင်ပေါ်လဲကျသွားရသည်။

"မင်းနဲ့ငါပြောစရာစကားမရှိဘူး"

သူ နှုတ်ခမ်းပေါ်က သွေးတွေသုတ်ပစ်ကာ ဒယိမ်းဒယိုင်ထရပ်လိုက်ပြီး ဇွဲကပင်ကိုပြန်ကြည့်လိုက်သည်။
ဇွဲကပင် သူ့ရှေ့မှာ ဘာကြောင့်ဒူးထောက်ခဲ့သလဲ နားလည်သွားသလို အခုအချိန်မှာလည်း သူဟာ ဒူးထောက်ဖို့အဆင်သင့်…

"မင်း ငါ့ကိုကူညီမှဖြစ်မယ်"

"မင်းကိုငါကကူညီရမှာလား သေလိုက်..ခွေးကောင် မင်းလဲသေလိုက်"

ဇွဲကပင်က သေနဝာ်ကိုဆွဲထုတ်လိုက်တော့ သူက ထိုသေနဝာ်ပြောင်းကိုဆွဲယူကာ သူ့နဖူးထက်မှာတေ့ပေးလိုက်သည်။
Babyကြောက်မှာစိုး၍ သေနဝာ်တွေကိုမမြင်အောင်ကိုင်ဖို့ အားလုံးကိုအမိန့်ပေးခဲ့ဖူးကြောင်း သတိပြန်ရလိုက်ကာ ဦးလေးရဲ့လက်နက်ကိုင်တွေကြားမှာ သူမ ဘယ်လောက်တောင်ကြောက်နေပြီလဲမသိ။
ဇွဲကပင်က သူ့ကိုစူးစိုက်ကြည့်နေခဲ့ရင်း သေနဝာ်မောင်းကိုဆွဲမဖြုတ်ဘဲ ငြိမ်သက်နေသလို ပတ်ဝန်းကျင်တစ်ခုလုံးကလည်း တိတ်ဆိတ်နေ၏။

"လုပ်လေ"

"မင်း ဘာစောက်ပြဿနာလာရှာပြန်ပြီလဲ ထက်ဘုန်းလျှံ"

"ငါတို့နှစ်ယောက်လုံးရဲ့အားနည်းချက်က Babyပဲ အခုငါ့ကိုသတ်ဖို့ မင်းညီမကို ငါ့ဦးလေးကဖမ်းထားတယ် သူ့ကိုလွှတ်ပေးဖို့ ငါအသေခံရမယ်ဆိုလည်းဖြစ်တယ်
ဒါပေမယ့် သူ့ကိုပြန်လွှတ်မှာမဟုတ်ဘူး မင်းကူညီမှရမယ် ဇွဲကပင် ငါ့ကိုမကူညီရင်မင်းကိုငါသဝာ်မယ်"

ချစ်ခြင်းတစ်ခု၌ အမြစ်တွယ်ခြင်း (Players season 3)Where stories live. Discover now