29

9.8K 444 21
                                    

🎀  Part - 29 🎀
▫▫▫▫▫▫▫▫▫▫▫▫▫▫▫▫▫

"Baby ဒီကောင်တွေကိုဘာလုပ်ချင်လဲ"

"မသိဘူး"

"Ok ဒီလိုဆိုငါ့သဘောပေါ့"

မျက်လုံးထဲမှာဘာမှမမြင်တော့ဘဲ စိတ်ရှိလက်ရှိကန်ကျောက်ပစ်နေရင်း ငိုသံသဲ့သဲ့လေးကြားမှ အသိပြန်ကပ်လာကာ လှည့်ကြည့်မိတော့ ငိုနေတာကBaby..
စိတ်ထဲ အတော်လေးပူလောင်သွားပြီး သူမမျက်နှာလေးကိုဆွဲမော့ယူတော့ အလိုက်သင့်မော့လာ၍ မျက်ရည်တွေကို ဖွဖွလေးသုတ်ပေးလိုက်သည်။

"တော်ပါတော့ ကိုကိုရယ် ချစ်ခြင်းကြောက်လို့ပါ"

"အင်း ရပ်လိုက်ပြီ တော်ပြီနော်"

တော်ပြီနော်ဆိုပေမယ့် ဘယ်လိုမှမကျေနိုင်မှန်း ကိုယ့်ကိုယ်ကိုသိနေကာ ထိုလူတွေကိုမေးဆတ်ပြပြီး နေရာမှထွက်သွားဖို့ အသံတိတ်အမိန့်ပေးလိုက်၏။
မှောင်စပြုနေပြီမို့ လမ်းမီးတွေဖွင့်နေပြီဖြစ်ကာ နီယွန်မီးရောင်တွေအောက်မှာ သူမမျက်နှာလေးကို အနီးကပ်မြင်နေရခြင်းဟာ ရင်ခုန်မေ့မူးစရာအပြည့်။

"ကိုကိုနဲ့လိုက်ခဲ့"

"ဘယ်လဲကိုကိုရဲ့ ဒီနေ့ကိုဇွဲပြန်လာမှာ ချစ်ခြင်းအိမ်မှာမရှိရင်"

"နယ်စပ်ဂိတ်ကပိတ်သွားပြီ သူ လာချင်ရင်မနက်မှပဲလာရတော့မှာ လာပါ ကိုကိုနဲ့လိုက်ခဲ့"

"ဘယ်ကိုလဲ"

"ကိုကိုနေတဲ့အိမ်ကိုပေါ့ မင်းမျက်နှာလေးကြည့်လို့ဝရင် ချက်ချင်းပြန်ပို့ပေးပါ့မယ် Babyရဲ့ ဒီညမင်းအစ်ကိုမှမရှိတာ နောက်ကျလို့ရပါတယ်"

ခါးလေးကိုဖက်ကာ သူ တောင်းဆိုတော့ Babyက မျက်ရည်တွေသုတ်ပစ်ပြီး ခေါင်းလေးညိတ်ပြလာ၍ ကျေနပ်သွား၏။
သူမလေးကို ကိုယ်တိုင်ပွေ့ချီကာ ကားပေါ်တင်လိုက်ပြီး ခါးပတ် ပတ်ပေးလိုက်ရင်း ဦးမိုးသူဆီမက်ဆေ့ပို့လိုက်သည်။

"ကျွန်တော့်အခန်းကို သေချာသန့်ရှင်းပေးပြီး Babyအတွက် အရုပ်လေးတွေ ထည့်ပေးထားပါ
ကျွန်တော်ခေါ်လာခဲ့ပြီ"

🎀  🎀  🎀  🎀  🎀

"အဲ့လိုဆို ကျွန်တော့်ကိုအဲ့ဒါလေးကူညီပေးပါဦး သိရမှဖြစ်မယ့်ကိစ္စမို့ပါ"

ချစ်ခြင်းတစ်ခု၌ အမြစ်တွယ်ခြင်း (Players season 3)Where stories live. Discover now