Extra 5

10.7K 404 30
                                    

🎀  Extra Part - 5 🎀
▫▫▫▫▫▫▫▫▫▫▫▫▫▫▫▫▫▫

နေမကောင်းသည့်အကြောင်းပြချက်ဖြင့် ကိုကို့ဆေးရုံက ဆရာဝန်တစ်ယောက်နှင့်ချိန်းကာ Ultrasoundရိုက်ဖို့ချိန်းထားလိုက်ကာ ဆေးရုံကိုရောက်တော့ ချစ်ခြင်းရင်တုန်နေမိသည်။
ကိုကို့ဆေးရုံဆိုပေမယ့် ဒီဆရာဝန်ကတော့ အပြင်လူဖြစ်ပြီး Leoponမဟုတ်တာကြောင့် ချစ်ခြင်းအတွက် ပိုပြီးအဆင်ပြေ၏။

လူနာကုတင်ပေါ်လှဲနေရင်း ထိုဒေါက်တာလေး သွားလာလှုပ်ရှားနေသမျှကို အကြောင်းမဲ့လိုက်ကြည့်နေရင်း ဗိုက်ကလေးကို ဖိပွတ်မိပြန်သည်။
ဒီရက်တွေထဲ အစားအသောက်ပျက်လာသလို menstruationလည်း မဖြစ်တော့၍ မျှော်လင့်တကြီးရောက်လာခဲ့ကာ..

"မချစ်ခြင်းပြည့်စုံ ဗိုက်ကိုနည်းနည်းလှန်ပေးပါနော်"

ချစ်ခြင်းခေါင်းလေးညိတ်ပြကာ အင်္ကျီကိုနည်းနည်းလှန်ပေးလိုက်တော့ nurseမလေးက ဂျယ်တစ်မျိုးသုတ်လိမ်းပြီး ကိရိယာလေးတစ်ခုဖြင့် နေရာအနှံ့လိုက်ထောက်နေ၏။
အာရုံက ထိုအရာတွေဆီမှာမရှိဘဲ ဗိုက်အတွင်းထဲကပုံရိပ်ပေါ်နေသော ဖန်သားပြင်ကိုပဲကြည့်နေမိကာ ထိုဒေါက်တာလေးကိုလည်း တစ်ချက်ကြည့်မိသည်။

"ကိုယ်ဝန်ရှိနေပါပြီ"

"တကယ်"

"တကယ်ပါ ဒီအလုံးလေးတွေ့လားဗျ အဲ့ဒါလေးက သန္ဓေသားလေးပါ ဒီအရွယ်အစားဆို ၃ပတ်လောက်ပဲရှိဦးမယ်"

"ယောကျာ်းလေးလား မိန်းကလေးလား"

"အဲ့လိုခွဲခြားလို့မရသေးပါဘူး Sex organတွေက ၆လသားလောက်မှ အသေအချာမြင်ရတာပါ ဒါလေးကတော့ ၃ပတ်ဆိုတော့ တစ်လတောင်မပြည့်သေးဘူးလေ"

ထိုအစက်သာသာရှိသော သန္ဓေသားလေးကိုကြည့်ရင်း ချစ်ခြင်းမျက်ရည်ဝဲလာမိကာ ဂျယ်တွေဖြင့်ပြောင်ပြောင်လေးဖြစ်နေသော ကိုယ့်ဗိုက်ကလေးကို ငုံ့ကြည့်မိသည်။
ကိုကို့သွေးသားလေး ဒီထဲမှာရှိနေပြီတဲ့..

"ကျေးဇူးတင်ပါတယ် ဒေါက်တာရယ် ကလေးအရမ်းလိုချင်နေတာ အဟင့်.. အီးဟီး!!"

"ဟာ!.. မငိုနဲ့လေ ဒါမင်္ဂလာကိစ္စ"

ထိုဒေါက်တာလေးက ပြာယာခတ်သွားပြီး ဂျူတီကုတ်ထဲက tissueထုတ်လေးကို ချစ်ခြင်းဆီလှမ်းပေးတော့ ခေါင်းလေးညိတ်ကာ လှမ်းယူလိုကိသည်။
Nurseမလေးကတော့ ဂျယ်တွေပြန်သုတ်ပေးပြီး ချစ်ခြင်းကို toiletသို့လမ်းညွှန်ပေးတာမို့ ချစ်ခြင်း toiletဝင်လာခဲ့သည်။
ထိုအချိန်အထိလည်း ပျော်ရွှင်ကြည်နူးနေမိသည့်စိတ်က မပြေသေးဘဲ မျက်ရည်ရစ်ဝဲနေမိဆဲ။
Toiletကထွက်တော့ ကိုကိုရောက်နေပြီဖြစ်ကာ မျက်နှာကတင်းမာနေသလို ဒေါက်တာ့ကိုလည်း သေနတိနှင့်ထောက်ထားပြီး ချစ်ခြင်းကိုလှမ်းကြည့်၏။

ချစ်ခြင်းတစ်ခု၌ အမြစ်တွယ်ခြင်း (Players season 3)Where stories live. Discover now