11

10.6K 425 13
                                    

🎀  Part - 11 🎀
▫▫▫▫▫▫▫▫▫▫▫▫▫▫▫▫▫

"ငါ လားရှိုးကိုခဏပြန်ရမယ် တန်ခိုးရောပြန်မှာမို့ မင်းတို့နှစ်ကောင်လုံး ပြန်လိုက်ခဲ့ရမယ် အဆင်သင့်ပြင်ထားလိုက်"

"ဟုတ်ကဲ့အစ်ကိုကြီး"

သူက နေပြည်တော်ကိုရောက်နေတာမို့ ဖုန်းနဲ့လှမ်းအမိန့်ပေးလိုက်ပြီး ညတွင်းချင်း မန္တလေးကိုပြန်ဆင်းဖို့ ချက်ချင်းစိတ်ကူးလိုက်သည်။
အဖေက သူတို့ညီအစ်ကိုနှစ်ယောက်လုံးနှင့် ပြန်ဆုံဖို့ပြောထား၍ တန်ခိုးကိုလည်း ဖုန်းဆက်ထားပြီးဖြစ်ကာ တန်ခိုးကိုမစောင့်တော့ဘဲ သူက ပြန်နှင့်မည်။
လားရှိုးကိုရောက်မှ စံအိမ်ကိုပဲ ဆက်သွားလိုက်မည်ဟု ဆုံးဖြတ်လိုက်သည်။

"ဒီဘက်နယ်မြေတွေ ဘယ်လိုရှိလဲ"

"အားလုံးအဆင်ပြေပါတယ် သခင်လေး နေပြည်တော်က ဆေးထက် လက်နက်ကပိုရောင်းရပါတယ်"

"ဘာပဲရောင်းရ ရောင်းရ အဆင်တပြေဖြစ်အောင်လုပ် ငါကအမြဲတမ်းလာမကြည့်နိုင်ဘူး ဒါပေမယ့် နောက်ထပ်နှစ်လလောက်နေရင်တော့ မင်းတို့မြေပြန့်ကိုချုပ်ကိုင်မယ့် နောက်တစ်ယောက်ပေါ်လာလိမ့်မယ်"

"ဘယ်သူများပါလိမ့်"

"ဘယ်သူပဲဖြစ်ဖြစ်ကွာ အဲ့ဒီကောင်ရဲ့စကားကိုနားထောင်.. သူကငါ့ရဲ့ကျောရိုးပဲ သူခိုင်းတာလုပ် ငါ့အပေါ်သစ္စာရှိသလိုရှိပေး မင်းတို့အားလုံးကို ငါ့လိုစောင့်ရှောက်လိမ့်မယ်"

"စိတ်ချပါ သခင်လေး"

သူ ခေါင်းညိတ်ပြကာ စစ်စရာရှိတာတွေကိုစစ်ပြီး မန္တလေးကိုပြန်လာခဲ့ကာ ဒီလိုခရီးစဥ်တွေအတွက် ဆိုင်ကယ်ကိုသာ သုံးလေ့ရှိသည်။
တောင်ပေါ်ဒေသမှာ သူ့ကိုလုပ်ကြံချင်သူများတာကြောင့် ဆိုင်ကယ်စီးလို့မရ၍ မြေပြန့်မှာမှ စီးခွင့်ရသည်လေ။

ဆိုင်ကယ်ပေါ်ရောက်မှ ဟိုကောင်မလေးကိုသတိရလိုက်ကာ နှုတ်ခမ်းတွန့်ရုံမျှပြုံးမိသေးသည်။
သူနှင့်ဆုံဖူးသည့်မိန်းမတွေလိုမဟုတ်ဘဲ ခြေထောက်တက်နင်းလိုနင်း၊ နှာဘူးကြီးဟု အော်လိုအော်ကာ ဘယ်လိုမိန်းကလေးလဲ မသိ…
သို့သော် သူမရဲ့ပုံစံလေးက မာယာများတတ်တာမျိုးလည်းမရှိဘဲ ကလေးဆန်ဆန်လေး။

ချစ်ခြင်းတစ်ခု၌ အမြစ်တွယ်ခြင်း (Players season 3)Where stories live. Discover now