24

10.1K 416 4
                                    

🎀  Part - 24 🎀
▫▫▫▫▫▫▫▫▫▫▫▫▫▫▫▫▫

ဦးမင်းအချုပ်ထဲပြန်ထွက်လာပြီဟု သတင်းကြားထားပေမယ့် ထိုမိသားစုကိုမတွေ့ချင်တာမို့ ဇွဲ တာချီလိတ်မှာပဲ တမင်နေဖြစ်သည်။
ဒီနေ့တော့ အကူညီတောင်းစရာရှိလို့ပါဆိုသည့် တောင်းဆိုချက်ကြောင့် မြေပြန့်ကိုပြန်ဆင်းလာခဲ့ကာ အိမ်ကိုမဝင်ရသေးဘဲ ဦးမင်းတို့အိမ်ကို တန်းလာခဲ့သည်။
ဦးမင်းရော၊ လမင်းခြယ်ပါ ရှိနေပြီး သိပ်မရင်းနှီးသော မင်းစည်းစိမ်ကိုလည်း အတူတွေ့လိုက်ရကာ ဒီအတိုင်းဆို ရှယ်ယာကိစ္စ စကားပြောကြမည်ထင်၏။

"12%ကိုပြန်ဝယ်ချင်တယ်ဆို ကိုဇွဲက ပြန်ရောင်းပေးနိုင်မလား ဦးတို့ကို ကူညီတဲ့အနေနဲ့ပါ"

သူ့လက်ထဲမှာ 12%ကျန်သေးတာမို့ သူတို့မိသားစုသာ ဒါကိုရခဲ့ရင် ဘုန်းတန်ခိုးကိုဖြုတ်ချနိုင်မှာ အသေအချာ။
သို့သော် ချစ်ခြင်းကို အပြင်လူသိသွားရခြင်းမှာ ဒီမိသားစုက တရားခံဖြစ်နေ၍ မကျေနပ်သေး…

"ကျွန်တော်မရောင်းနိုင်ဘူး ဦးမင်း ကျွန်တော့်မှာငွေဖြူသန့်သန့်နဲ့ဝယ်ထားတာ ဒီတစ်ခုပဲရှိတယ် ဒါကိုကျွန်တော့်ညီမအတွက် သီးသန့်ဖယ်ထားတာ"

"ညီမကအခုထိကျောင်းတက်နေတုန်းမလား ဦး အာမခံပါတယ် ကိုဇွဲရဲ့ညီမလေး အလုပ်ဝင်ဖို့အရွယ်ရောက်ရင် ဒီ12%ကိုပြန်ပေးပါ့မယ်"

"မသေချာတဲ့အလုပ်ကို ကျွန်တော်မလုပ်ချင်ဘူး ကျောင်းတက်နေတုန်းဆိုပေမယ့်.."

"ကျွန်တော်သိရသလောက်ဆို တန်ခိုးနဲ့ကိုဇွဲကလည်း သိပ်အစေးမကပ်ဘူးဆို ကျွန်တော်တို့နဲ့ပူးပေါင်းပြီး သူ့ကိုဖြုတ်ချဖို့ စိတ်မကူးဘူးလား"

သူ့စကားကိုဖြတ်ပြောသည့် မင်းစည်းစိမ်ကို ဇွဲ တစ်ချက်စိုက်ကြည့်ကာ ထိုင်ခုံမှာကျောမှီချရင်း စားပွဲပေါ်မှာ လက်ထောက်လိုက်သည်။
၁၅နှစ်နီးပါး ဒီGPမှာရင်းနှီးမြှုပ်နှံခဲ့ကာ ထိုအတောအတွင်း ကုမ္ပဏီကိစ္စကို ဘာမှမစွက်ဖက်ခဲ့ဘဲ ဒီမိသားစုလက်ထဲ ပုံအပ်ထားခဲ့သည်။
သူ လိုချင်ခဲ့တာကတစ်ခုတည်းဖြစ်ကာ ထိုအရာသည် ချစ်ခြင်းကို ဘေးကင်းအောင် ကူညီစောင့်ရှောက်ပေးဖို့...

ချစ်ခြင်းတစ်ခု၌ အမြစ်တွယ်ခြင်း (Players season 3)Where stories live. Discover now