30

11.6K 436 7
                                    

🎀 Part - 30 🎀
▫▫▫▫▫▫▫▫▫▫▫▫▫▫▫▫▫

"မင်းမသိသေးရင် ထပ်ပြောမယ် အခုအချိန်ကစပြီး မင်းငါနဲ့ပဲနေရမယ် ငါ့ကိုပဲချစ်ရမယ် ဘယ်မှသွားခွင့်မရှိဘူး"

Babyက မျက်လုံးပြူးလေးဖြင့်ကြည့်နေခဲ့ကာ ထိုအကြည့်တွေမှာ အံ့ဩခြင်းတွေ၊ လက်မခံလိုခြင်းတွေအပြည့်။
ဒီနေ့လိုအဖြစ်အပျက်တွေ နောက်ထပ် ဘယ်နှခုလောက်ထပ်ကြုံရမလဲ သူလည်း မခန့်မှန်းနိုင်။

ထက်ဘုန်းလျှံရဲ့အကြီးဆုံးအားနည်းချက်သည် ချစ်ခြင်းပြည့်စုံဖြစ်နေခဲ့ပြီမို့ သူမမှာလည်း အန္တရာယ်တွေရှိလာနိုင်ကာ ယခုအဖြစ်အပျက်က သက်သေဖြစ်သည်။
ထို့ကြောင့် Babyကို သူ့အနားမှာပဲ ခေါ်ထားချင်ခဲ့ပြီမို့...

"ဘာလဲ မင်းကိုခဏတဖြုတ်ပဲ ခေါ်လာတယ်ထင်လို့လား"

"ဟင့်အင်း မရဘူး ချစ်ခြင်းပြန်မယ်"

"Baby"

"ပြန်မယ်ဆို ကိုကိုနော် အဲ့လိုမလုပ်နဲ့ သူများမကြည်ဖြူတာကို"

"ကြည်ဖြူဖြူ မကြည်ဖြူဖြူ ဒီလိုမှမလုပ်ရင် မင်းနဲ့ဝေးရမှာသိရဲ့လား မင်းအစ်ကိုက ဒီတိုင်းငြိမ်ငြိမ်လေးနဲ့ သဘောတူလိုက်မယ်မှတ်နေတာလား"

"ဒါဆိုကိုကိုက ချစ်ခြင်းကို ကိုဇွဲရဲ့ညီမမှန်းသိလို့ မရမကရယူခဲ့တာမျိုးလား"

"မဆိုင်ဘူး မင်းကိုတွေ့ခဲ့တာကသပ်သပ် ချစ်ခဲ့​တာကသပ်သပ် မင်းအစ်ကိုအကြောင်းကို နောက်မှသိတာ အဲ့ဒီအကြောင်းပြချက်နဲ့ မင်းကိုလက်လွှတ်ရမှာလား
မရဘူးBaby ငါမင်းကိုချစ်တယ် လိုချင်တယ် မင်းဘယ်သူနဲ့ ဘယ်လိုပတ်သတ်နေလဲဆိုတာ မသိခင်ကတည်းက ချစ်ခဲ့တာ"

"အဲ့ဒါဆို ကိုကိုကချစ်ခြင်းကို အပြီး.."

"ဟုတ်တယ် ငါနဲ့နေဖို့အပြီးခေါ်လာတာ ပြန်မလွှတ်နိုင်ဘူး ပြန်မယ်လို့ နောက်ထပ် ထပ်မပြောနဲ့"

Babyက သူ ဒီလိုလုပ်မည်ထင်မထားဟန်ဖြင့် ထိုနေရာမှာပဲထိုင်ချပြီး ငိုပစ်သည့်အခါ သူရပ်ကြည့်နေသေး၏။
အမှတ်တမဲ့မို့ Babyလေး လန့်သွားတာပါ။ ပြီးရင် သူ့ကိုခေါင်းညိတ်မှာပါ...

ချစ်ခြင်းတစ်ခု၌ အမြစ်တွယ်ခြင်း (Players season 3)Where stories live. Discover now