32

11.6K 468 13
                                    

🎀 Part - 32 🎀
▫▫▫▫▫▫▫▫▫▫▫▫▫▫▫▫▫

ညကကောင်းကောင်းအိပ်ရတာမို့ မထချင်သေးဘဲပေအိပ်နေရင်း နဖူးလေးနွေးခနဲဖြစ်သွား၍ မျက်လုံးဖွင့်ကြည့်မိတော့ ကိုကိုကဘေးမှာထိုင်ကြည့်နေကာ ဆံပင်တွေသပ်တင်ပေးသည်။

"နိုးပြီလား"

"Omm"

ချစ်ခြင်း ထထိုင်လိုက်ကာ ကိုကို့ကိုကြည့်မိတော့ ကိုကိုကအပြင်သွားတော့မည့်ပုံစံဖြင့်။
ရှပ်အင်္ကျီရော၊ ဘောင်းဘီရော အနက်ရောင်တွေချည်းပဲမို့ အသားဖြူသည့်ကိုကိုက ပိုပြီးရှင်းသန့်နေ၏။
ထိုပုံစံကြောင့်ပဲ ချစ်ခြင်းသဘောကျခဲ့မိကာ ခုတော့ ဒီလူကြီးက ကိုယ့်ကိုအပိုင်သိမ်းထားသတဲ့...

"ကိုကို အပြင်သွားမလို့လား"

"အင်း.. ကိုကို ဒီနေ့စောပြီးပြန်ရောက်မယ်ထင်တယ် ပြန်ရောက်ရင် လိုတာလိုက်ဝယ်ပေးမယ် ဟုတ်ပြီလား"

"ဟုတ်"

ကိုကိုက ချစ်ခြင်းဆံပင်တွေဆွဲဖွကာ နှုတ်ခမ်းကိုနမ်းဖို့ပြင်တော့ ချစ်ခြင်း ကိုကို့မျက်နှာကို ပြန်တွန်းပစ်လိုက်သည်။

"ကိုကိုနော် သူများမှမျက်နှာမသစ်ရသေးတာ"

"ဘာဖြစ်လဲကွာ မရွံတတ်ဘူး ငြိမ်ငြိမ်နေ"

"ဟင့်အင်း"

ဇွတ်တရွတ်ဆန်သောကိုကိုက မရမကလိုက်နမ်းတော့ ချစ်ခြင်း ကိုကို့ကိုပြန်ဖက်ထားလိုက်ပြီး မျက်နှာလေးမော့ပေးထားလိုက်သည်။
နှုတ်ခမ်းလေးကို စိတ်တိုင်းကျနမ်းပြီး လည်တိုင်လေးကို တိုးဝှေ့နမ်းရှိုက်ရင်းကျေနပ်သွားတော့မှ ပြန်လွှတ်ပေးကာ...

"သွားတော့မယ် လိမ်လိမ်မာမာနေခဲ့နော် ပြန်လာရင်မုန့်ဝယ်ခဲ့မယ်"

"ဟုတ်"

ကိုကိုထွက်သွားတော့မှ ချစ်ခြင်း အရင်ဆုံးမျက်နှာပြေးသစ်ကာ လှေကားထိပ်မှ ချောင်းနေမိသည်။
နောက်လိုက်နောက်ပါတွေ တပုံကြီးရှိပေမယ့် ကိုကိုက နန္ဒဆိုသည့်လူကိုသာ အမိန့်တွေတန်းစီပေးနေသည်။

ကိုကိုတို့ထွက်သွားတော့မှ အောက်ထပ်ကိုဆင်းလာခဲ့ကာ ဖုန်းရှိနေသည့်နေရာကိုလှမ်းကြည့်ပြီး ဘယ်သူရှိမနေ၍ ထိုအနားကိုရောက်သွားသည်။
ဘယ်လိုဖုန်းမျိုးမှန်းမသိဘဲ Passwordတွေချည်းတောင်းနေတာမို့ ချစ်ခြင်းစိတ်တိုသွားကာ ဆောင့်ချပစ်လိုက်သည်။

ချစ်ခြင်းတစ်ခု၌ အမြစ်တွယ်ခြင်း (Players season 3)Where stories live. Discover now