Extra 6

18.2K 653 55
                                    

🎀  Extra part 6 🎀
▫▫▫▫▫▫▫▫▫▫▫▫▫▫▫▫▫▫

ပန်းနုရောင်ဗိုက်ဖုံးအင်္ကျီလေးဖြင့် Babyက ခြံထဲမှာပန်းခူးနေသည်ကို ခပ်ဝေးဝေးမှလှမ်းကြည့်ရင်း ဘာကြောင့်ရယ်မသိဘဲ ရင်ထဲမှာချမ်းမြေ့နေခဲ့သည်။
သူ့သွေးသားကို လွယ်ထားရသည့်ခုအချိန်မှာ မျက်စိအောက်က ပိုပြီးအပျောက်မခံနိုင်သလို သူ့ညီတွေကြားမှာလည်း ကလေးလေးတစ်ယောက်လို ဂရုစိုက်ခံနေရသည်။
အခုလည်း Babyကပန်းခူးနေကာ နန္ဒက အနောက်မှာ ပန်းခြင်းလေးကိုင်ကာ တကောက်ကောက်လိုက်နေသလို သီဟကလည်း အအေးဘူးကြီးလွယ်ကာ ထီးလိုက်မိုးပေးနေ၏။

"ကတ်ကြေးပေးပါဦး"

"ရပါပြီခင်ဗျ"

"ဘူးက ကျွန်တော့်ကိုပေး အစ်ကိုသီဟလုပ်နေတာ ထီးကမမိုးမိတော့ဘူး"

ဆိုသည့် အသံဗလံတွေကလည်း ဆူညံနေကာ Babyကတော့ ထိုလူတွေကိုမကြည့်ဘဲ နှင်းဆီပန်းတွေကိုသာ ခူးနေခဲ့သည်။
နှင်းဆီပန်းချစ်သော သူမအတွက် ဥယျာ်ဥ်ထဲကလူတွေက နှင်းဆီရောင်စုံကိုစိုက်ပျိုးပေးထားကြ၍ အချိန်မရွေးဖူးပွင့်နေကာ အလိုရှိတိုင်းခူးယူဖို့အဆင်သင့်။

ဥယျာဥ်ထဲ Babyရောက်လာရင် အမျိုးသမီးတွေရော၊ ကလေးတွေပါထွက်လာကြကာ သူမ ဘာလိုအပ်နေနေ လုပ်ပေးကြဖို့ အဆင်သင့်။
သူ့ကိုချစ်ကြောက်ရိုသေကြသည်ထက် Babyကိုချစ်ကြတာကြောင့်ပဲဖြစ်ကာ သူမလေးဟာ ရွှေစံအိမ်မင်းသမီးလေးတစ်ပါးလို…

"ကိုကို"

သူရောက်လာတော့ Babyက ဆတ်ခနဲထိုင်ရာမှထလိုက်၍ ရင်တုန်သွားမိကာ သူမလေးပြေးမလာခင် ကိုယ်ကအရင်ပြေးသွားလိုက်သည်။
အနားရောက်လာသည့်သူ့ကို လက်ကလေး ဆန့်တန်းကာတအားပွေ့ဖက်ပစ်လိုက်၍ အမောပြေသွားပြီး အားလုံးကိုပြန်ဖို့ အသံတိတ်မေးဆတ်ပြလိုက်၏။

"အဲ့လိုကြီးမထရဘူးနော် Babyတစ်ယောက်တည်းမဟုတ်တော့တာကို သတိရဦး"

"ဟုတ်"

"လိမ္မာတယ် ဘာစားဦးမလဲ"

"ဟင့်အင်း မစားချင်သေးဘူး ကိုနန္ဒ.. ချစ်ခြင်းကို ဟိုနှင်းဆီပန်းလေးပေးပါ"

ချစ်ခြင်းတစ်ခု၌ အမြစ်တွယ်ခြင်း (Players season 3)Where stories live. Discover now