21

10.5K 440 8
                                    

🎀  Part - 21 🎀
▫▫▫▫▫▫▫▫▫▫▫▫▫▫▫▫▫

"တော်ပါပေတယ် ငါ့တူ"

ဟန်ဆောင်အပြုံးဖြင့် တစ်ချက်ပြုံးပြရင်း ထက်ဘုန်းလျှံကို ပခုံးဖက်လိုက်ပေမယ့် ဒင်းက အထိမခံဘဲလက်ကိုပုတ်ချပစ်သည်။
ရယ်ရုံသာရယ်နေလိုက်ပြီး စိတ်ထဲမှာတော့ လည်ပင်းညှစ်ချင်စိတ်တွေ တဖွားဖွားဖြစ်နေရ၏။

စံအိမ်ကိုဝင်တိုက်ခံရသောညက တိုက်ခိုက်နေရင်းပျောက်သွားသည်ဟု စဝ်ကပြောသည်။
တစ်နေကုန် ဘယ်ရောက်သွားလဲမသိဘဲ ဒီနေ့မနက်လင်းခါနီးမှ ရုတ်တရက်ပြန်ရောက်လာကာ စံအိမ်မှာရှိသောအစောင့်တွေအားလုံးကို အသံတိတ်လုပ်ကြံခဲ့သည်။
ဒါ့အပြင် ခြံထဲကအစောင့်တွေကိုလည်း Sniperနဲ့ချောင်းပစ်ခဲ့သည်တဲ့။
တစ်ပတ်လောက်ပုန်းနေမည်ထင်ထားခဲ့ပြီး ချက်ချင်းပြန်ရောက်လာမည်ဟု မထင်ထားသလို Sniperတွေကို ဝယ်ထားလိမ့်မည်ဟုလည်း မထင်ခဲ့မိတာ အကြီးဆုံးအမှား…

"အခု အဲ့ဒီလူတွေကရော"

"မီးသဂြိုလ်စက်ထဲရောက်သွားပြီ ဘဝကူးကောင်းပြီး ကျွတ်လွတ်နေမှာစိုးလို့ လက်မတစ်ချောင်းစီ ဖြတ်ယူထားလိုက်တယ်"

မဲ့ပြုံးဖြင့်ပြောလာသောမျက်နှာပေးက သူ့ကိုလည်း ထိုနည်းဖြင့်စီရင်မည်ဟု ပြောနေသယောင်။
ဒီကိစ္စတွေမှာ Thaiဘက်က ကြေးစားတွေကိုငှားထားခြင်းဖြစ်ပြီး ဇွဲကပင်အဖွဲ့ဟု အထင်မှားစေအောင် စဝ်က မျက်နှာပြရုံသက်သက်သာဖြစ်၏။
အကြံအစည်က အောင်မြင်သည်ဟုပြောလို့ရကာ ကြားသိထားရသည့်အတိုင်းဆို ထက်ဘုန်းလျှံဟာ ဇွဲကပင်ကိုဆွဲချဖို့ လက်နက်ပုန်းတွေထုတ်သုံးနေပြီတဲ့…

"ခင်ဗျား ဘာလုပ်မှာလဲ ဦးလေး"

"ဦးလေးက မင်းချမှတ်တဲ့အမိန့်ကို လိုက်နာရုံပဲပေါ့ တာချီလိတ်နယ်မြေကလည်း မရှိတော့ဘဲ"

"ခင်ဗျားအသုံးမကျခဲ့တာတွေ ပြောမနေပါနဲ့ တာချီလိတ်ကိုပြန်သွား စက်ရုံကိုဝင်ဖမ်းတာ ရဲတွေပါတယ်လို့ကြားတယ် အဲ့ဒီရဲတွေဘယ်သူလဲဆိုတာ စုံစမ်းပေး"

"ကောင်းပါပြီ"

"သွားတော့"

ခေါင်းညိတ်ပြလိုက်ပြီး ထိုနေရာကပြန်ထွက်ခဲ့တော့ မိုးသူက တိုးတိုးတိတ်တိတ်ပြောဖို့ပြင်နေ၍ ခြေလှမ်းတွေကိုတမင်နှေးကွေးရင်း နားထောင်မိသည်။
သို့သော် မိုးသူရော၊ ထက်ဘုန်းလျှံပါ သူ့လိုလူလည်တွေဖြစ်နေသောကြောင့် စကားသံတွေကို ဗလုံးဗထွေးသာ ကြားနေရ၏။

ချစ်ခြင်းတစ်ခု၌ အမြစ်တွယ်ခြင်း (Players season 3)Where stories live. Discover now