47

9.1K 457 15
                                    

🎀 Part - 47 🎀
▫▫▫▫▫▫▫▫▫▫▫▫▫▫▫▫▫

ကားရပ်လိုက်သည်နှင့် ဝုန်းဒိုင်းကျဲဆင်းလာမည်ထင်ထားသော်ငြား ထက်ဘုန်းလျှံက ခပ်အေးအေးအနေအထားဖြင့် ဆင်းလာ၏။
နောက်ယောင်ခံသတင်းတွေအရ ထက်ဘုန်းလျှံဟာ တာချီလိတ်ကို ခဏဝင်နေခဲ့သည်ဆိုကာ ဘာအတွက်ကြောင့်လဲတော့ သေချာမသိ။
သွေးအေးရက်စက်တတ်သလောက် ဉာဏ်များလွန်းသောလူငယ်မို့ ဒီကောင်လေးကို သူ မယုံရဲပါ...

"မင်း တာချီလိတ်ကို ဘာသွားလုပ်တာလဲ"

"မသေခင်လေး လုပ်စရာရှိတာလုပ်တာပါ ခင်ဗျားအလုပ်မဟုတ်ဘူး Babyဘယ်မှာလဲ"

"လောလိုက်တာ ငါ့တူရယ် မင်းနဲ့ငါစကားမပြောဖြစ်တာကြာပြီလေ တွေ့တုန်းလေး ချစ်ချစ်ခင်ခင် စကားပြောရအောင်ပါ"

"မလိုဘူး ကျုပ်နယ်မြေထဲဝင်လာပြီး ကျုပ်ကိုအကြပ်ကိုင်တဲ့လူကို ဘာမှချစ်ခင်နေစရာအကြောင်းမရှိဘူး ခင်ဗျား ဘာလိုချင်လဲ"

"မင်းဒူးထောက်တာကို လိုချင်တာ အသိသာကြီးပဲမလား"

မျက်နှာကျောတင်းတင်းဖြင့် ချေလွန်းသောဒီကောင်ဟာ သူ့ရှေ့မှာအလွယ်တကူ ဒူးထောက်မှာတော့မဟုတ်ချေ။
ကိုထက်ရဲ့သားဟာ ကိုထက်လိုတစ်ပုံစံတည်းလာတာမို့ မှုန်းခြယ်နဲ့ချစ်ခြင်းပြည့်စုံဆိုသည့် မိန်းမနှစ်ယောက်ဟာ ဒီသားအဖကို ကြိုးကိုင်နိုင်သူတွေဖြစ်၏။
ကိုထက်ရဲ့အသွေးအသားအတိုင်း အခုအချိန်ထိမာန်မကျသေးသော ထိုကောင်လေးကို မဲ့ပြုံးဖြင့် ကြည့်လိုက်ရင်း တပည့်ဖြစ်သူကို အချက်ပြလိုက်သည်။

"မင်းအစွယ်ကို ငါချိုးပြမယ်"

🎀 🎀 🎀 🎀 🎀

"ငါတို့ခြံစည်းရိုးကိုချိုးနေပြီ မင်းနည်းနည်းအချိန်ဆွဲထားရမယ်"

ဇွဲ ထက်ဘုန်းလျှံကိုအကြောင်းကြားလိုက်ရင်း ခြံစည်းရိုးကိုကျော်တက်လိုက်ကာ ခြံထဲသို့ရောက်သည်နှင့် သေနတ်ကိုဆွဲထုတ်ကာ ပတ်ဝန်းကျင်ကိုစစ်ဆေးလိုက်သည်။
ဘယ်သူမှမရှိတာသေချာမှ အချက်ပြလိုက်သည့်အခါ သူ့လူတွေနှင့် Leoponတွေသည် ခြံစည်းရိုးကိုကျော်တက်ကာ သူ့အနားရောက်လာကြ၏။

ချစ်ခြင်းတစ်ခု၌ အမြစ်တွယ်ခြင်း (Players season 3)Where stories live. Discover now