Extra 1

11.7K 429 15
                                    

🎀 Extra part 1 🎀
▫▫▫▫▫▫▫▫▫▫▫▫▫▫▫▫▫

စံအိမ်ကိုပြန်ရောက်သည့်အခါ အခန်းထဲတိတ်တဆိတ်ဝင်လာတော့ Babyက ဆိုဖာပေါ်မှာ ကွေးကွေးလေးအိပ်နေကာ အနွေးထည်ကိုပါးပါးလေးသာဝတ်ထား၏။
တံခါးတွေကိုတော့ လုံနေအောင်ပိတ်ထားသလို မီးလင်းဖိုမှာလည်း မီးမသေသေး၍ ဒီကလေးမလေး အိပ်သွားတာမကြာသေးလောက်။
အပူပေးစက်ကို သိပ်မကြိုက်သလို ဒီစံအိမ်ဟာ ရှေးLeoponတွေ အစဥ်အဆက်ပိုင်ဆိုင်ခဲ့၍ မီးလင်းဖိုကဲ့သို့ ရှေးဟောင်းလက်ရာတချို့က ခုထက်ထိရှိနေဆဲဖြစ်သည်။

"ကျစ်!! Babyကွာ အိပ်ယာပေါ်မအိပ်ဘဲနဲ့ ဒီနားလာအိပ်နေရတယ်လို့"

သေးကွေးသောထိုကိုယ်လုံးပိစိလေးကို ကောက်ပွေ့ချီကာ မွေ့ရာပေါ်အသာချပြီး စောင်ကိုရင်ဘတ်ပေါ်အထိဆွဲခြုံပေးလိုက်သည်။
ညဝတ်အနွေးထည်လေးက ရင်ဘတ်ကလေးလှစ်ဟနေ၍ သူ အလွန်သဘောကျရသော Htet Hpone Lyanဆိုသော Tattooလေးကို လက်ဖျားနှင့်အသာအယာလေး ထိတို့မိသည်။
ဘယ်လောက်ချစ်တတ်လိုက်တဲ့ Babyလေးလဲ...

"အစ်ကိုကြီး"

တံခါးခေါက်သံသဲ့သဲ့ကြောင့် လက်က သေနတိဆီအလိုလိုရောက်သွားရင်း Babyကိုပြန်ကြည့်မိတော့ သူမက မလှုပ်ဘဲအိပ်ပျော်နေဆဲ။
သီဟအသံမို့ ထိုင်ရာမှထရပ်လိုက်ပြီး တံခါးကိုဖွင့်လိုက်တော့ သီဟရော၊ ဦးမိုးသူပါ မျက်နှာမကောင်းချေ။

"ဘာဖြစ်လို့လဲ"

"အစ်ကိုကြီး ရုရှားကိုလွှတ်ထားတဲ့ကောင်လေးတွေ ပြန်ရောက်နေပါပြီ"

"အဲ့ဒါမနက်မှပြောလို့ရသားပဲ ပြဿနာရှိလို့လား M9တွေက လိုသလောက်မရခဲ့ဘူးလား"

M9ဟုခေါ်သော လုပ်ကြံရေးဒရုန်းးတွေကို ရုရှားဝယ်လက်တစ်ယောက်ဆီမှာ ရှိမှန်းသိနေ၍ လူလွှတ်လိုက်ကာမှ ထိုဝယ်ယူရေးဟာ မအောင်မြင်ခဲ့လို့လား။
ဦးမိုးသူက သက်ပြင်းတစ်ချက်ချလိုက်ကာ ခေါင်းငုံ့သွားပြီး..

"M9တွေက ရခဲ့ပါတယ် ဒါပေမယ့် အဲ့ဒီအဖွဲ့ချောင်းအတိုက်ခံရလို့ နှစ်ယောက်ကျသွားပါတယ်"

သူ လက်သီးကိုကျစ်နေအောင်ဆုပ်လိုက်ကာ မျက်လုံးတွေကို ဖိပိတ်ပစ်လိုက်မိသည်အထိ ရင်ထဲထိရှသွား၏။
Leoponတိုင်းကို လက်ဖြောင့်ပစ်ခဝာါမှူနှင့် တိုက်ခိုက်ခြင်းမှာ သူကိုယ်တိုင်trainပေးခဲ့တာမို့ အားလုံးဟာ သူ့ပျိုးဥယျာဥ်ထဲက အသီးအပွင့်တွေသာဖြစ်သည်။
ထိုလူငယ်တွေ ကျရှုံးတိုင်း သူ့မှာထိခိုက်နာကျင်ရပြီး လက်တုံ့ပြန်လိုစိတ်က ကောက်ရိုးမီးလို ဟုန်းခနဲထတောက်၏။

ချစ်ခြင်းတစ်ခု၌ အမြစ်တွယ်ခြင်း (Players season 3)Where stories live. Discover now