20

16.1K 553 9
                                    

🎀  Part - 20 🎀
▫▫▫▫▫▫▫▫▫▫▫▫▫▫▫▫▫

"ကိုကို"

"မှတ်မိသွားပြီလား နောက်ထပ်မမေ့အောင် ထပ်နမ်းပေးမယ် လာ.."

"ဟင့်အင်း ကိုကို့ကိုမမေ့ပါဘူးဆို မနမ်းပါနဲ့တော့ သူများနာနေပြီလို့ အဟင့်!"

ထိုအခါမှ သူကကျေနပ်သွားပြီး လည်ပင်းကိုအုပ်ကိုင်ထားသည့်လက်ကို ရုတ်ဖယ်သွားကာ ချစ်ခြင်းအနားမှာ ထိုင်သည်။
သူ့အိမ်သူ့ယာအတိုင်း သက်သောင့်သက်သာထိုင်နေကာ ချစ်ခြင်းကိုပဲစိုက်ကြည့်နေ၍ နေရခက်လာပြီး လည်ပင်းလေးကိုပွတ်လိုက်၊ ဂါဝန်စလေးဆွဲဆုပ်မိလိုက်။

"ငါ မင်းဆီဖုန်းဆက်သေးတယ်"

ချစ်ခြင်း မကြားချင်ဟန်ဆောင်နေလိုက်ကာ ထိုအချိန်ကမျှော်ခဲ့မိတာကို သတိပြန်ရပြီး စိတ်ထဲဝမ်းနည်းသွားမိသည်။
ကိုယ့်မှာတော့ ဘယ်ကိုသွားသွား ဒီဖုန်းကိုသတိတရယူသွားရပြီး သူကတော့ တစ်ချက်လေးမှမခေါ်ခဲ့ပါဘဲ…

"ပြောရရင် အိမ်မှာနည်းနည်းအလုပ်များသွားတယ် အဲ့ဒါကြောင့် မင်းကိုမေ့သွားတာပါ ငါ့ညီတွေအန္တရာယ်ကင်းဖို့ လိုတယ်လေ"

သူလည်း ကိုဇွဲလို၊ ကိုယ့်ထက်အငယ်ကို စောင့်ရှောက်နေရသူလား...
သူ့အကြောင်းကို ချစ်ခြင်းစိတ်ဝင်စားသွားပြီး သူ့ကိုပြန်မော့ကြည့်မိတော့ အကြည့်ချင်းဆုံသွား၍ ကမန်းကတန်းမျက်နှာလွှဲပစ်လိုက်သည်။
သို့သော် ချစ်ခြင်းရဲ့အာရုံထဲ သူ့မျက်နှာချောချောက တံဆိပ်ကပ်ထားသလို စွဲထင်နေခဲ့သည်။

ပခုံးပေါ်အထိရှည်ပြီး မျက်နှာပေါ်မှာလည်း ကပိုကရိုကျနေသည့်ဆံပင်တွေ၊
ဘယ်အချိန်ဖြစ်ဖြစ် စူးရှနေတတ်သော မျက်လုံးတွေ၊
ပိရိသေသပ်သော နှုတ်ခမ်းပါးတွေ..
သွေးကြောစိမ်းတွေမြင်နေရသော သူ့လက်တွေ..

"လက်ကဘာဖြစ်တာလဲဟင်"

"သွေးပူလေ့ကျင့်ခန်းလုပ်တုန်းက ခိုက်မိထားတာပါ ဆေးစည်းထားတယ် ဘာမှမဖြစ်ဘူး မင်းကျောင်းသွားတက်တာဆို ဘာလို့ပြန်လာတာလဲ"

"အဆင်မပြေတာတစ်ခုရှိသွားလို့ပါ"

သူက တစ်ခုခုကိုသတိရသွားသလိုပြုံးကာ ဆံပင်တွေဆွဲဖွရင်းရယ်တော့ ဘေးတိုက်မြင်နေရသည့်အနေအထားမှာ ချစ်ခြင်း တကယ်ပဲကြွေဆင်းမိ၏။
ဂျစ်ကန်ကန်၊ မာကျောကျောဖြစ်ပေမယ့် သူက တကယ်ချောတာပဲ…

ချစ်ခြင်းတစ်ခု၌ အမြစ်တွယ်ခြင်း (Players season 3)Where stories live. Discover now