10

17.6K 599 20
                                    

🎀  Part - 10 🎀
▫▫▫▫▫▫▫▫▫▫▫▫▫▫▫▫▫

"အစ်ကိုလေးတန်ခိုးရောက်နေလို့ Hotelကိုအမြန်လာခဲ့ပါ အစ်ကိုကြီး"

ဟု သီဟဖုန်းဆက်တော့ Barမှာအရောင်းအဝယ်လုပ်ပြီး အရက်သောက်နေချိန်ဖြစ်သည်။
အရှိန်ရနေကာမှ ချက်ချင်းထပြန်လာရခဲ့သည်မို့ သူ စိတ်နည်းနည်းတိုနေမိကာ မီးပွိုင့်ကိုရောက်တော့ လူရှင်းနေ၍ ဆိုင်ကယ်လီဗာပုတ်ရင်း မီးနီနေသည့်ကြားမှ မောင်းထွက်လိုက်သည်။

အချိန်က ည၂နာရီမို့ လူလည်းရှင်းနေပြီဖြစ်ပေမယ့် ဆိုင်ကယ်ကိုမောင်းထွက်လိုက်မှ တစ်ဖက်ကဝင်လာသည့်ကားကိုတွေ့လိုက်ရ၏။
သို့သော် သူမောင်းလာသည့်Speedနှင့်မရှောင်နိုင်...

ဝုန်း!! ဒုန်း!!

သူ ကားပေါ်ကနေလိမ့်ထွက်ကာ မြေပြင်ပေါ်ကျသွားသဖြင့် လူလည်းချာချာလည်သွားသလို တော်တော်နဲ့လည်းမထနိုင်။
နဂိုကတည်းက စိတ်ဆတ်သည့်လူမို့ ထောင်းခနဲဒေါသဖြစ်သွားမိကာ အံကြိတ်ပြီး တစ်ဖက်ကကောင်ကို အသေလုပ်ဖို့ ကြိတ်ဆုံးဖြတ်လိုက်သည်။

"ရရဲ့လားဟင်"

ထိုကားထဲမှပြေးဆင်းလာသည်က မိန်းကလေးအုပ်စုကြီးမို့ သေနဝာ်ဆွဲထုတ်ဖို့ပြင်ထားသည့်လက်တွေ ရပ်တံ့သွားရပြီး သူမကို စတွေ့လိုက်ရခြင်းဖြစ်သည်။
သူမက အနက်ရောင်ဂါဝန်လက်ပြတ်လေးနှင့် ဆံပင်ရှည်တွေကိုဒီအတိုင်းချထားကာ နဖူးစပ်မှာကျစ်ဆံမြီးလေးကျစ်ထား၍ မျက်နှာလေးကို အနားသတ်ဘောင်ခတ်ထားသလို ဖြစ်နေသည်။
နုငယ်သောမျက်နှာလေးက စိုးရိမ်နေမှန်းသိသာနေသလို မျက်ခုံးလေးတွေရှုံ့တွနေ၏။

"ရရဲ့လား ထကြည့်ပါဦး"

သူမ ထပ်မေးပြီးအနားရောက်လာသည်အထိ သတိလက်လွတ်ငေးကြည့်နေပြီးမှ အသိပြန်ဝင်ကာ ခေါင်းညိတ်ပြလိုက်သည်။

"ထရောထနိုင်ရဲ့လား ထူပေးရမလား"

သူမက လက်သေးသေးလေးဖြင့် သူ့လက်မောင်းကိုဆွဲထူနေသဖြင့် လူစိမ်းအကပ်မခံချင်သောသူက သူမကိုတွန်းဖယ်ရင်း ခေါင်းခါပြီးထရပ်လိုက်သည်။
ထိုအခါမှ သူမကတစ်ရှူးတစ်ရွက်ကို ပိုက်ဆံအိတ်ထဲကထုတ်ပြီး လှမ်းပေးကာ…

ချစ်ခြင်းတစ်ခု၌ အမြစ်တွယ်ခြင်း (Players season 3)Where stories live. Discover now